ကြာအင်းဆိပ်ကြီးမြို့နယ်

ကြာအင်းဆိပ်ကြီး From Wikipedia, the free encyclopedia

ကြာအင်းဆိပ်ကြီးမြို့နယ်
Remove ads

ကြာအင်းဆိပ်ကြီးမြို့နယ် သည် မြန်မာနိုင်ငံကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကြာအင်းဆိပ်ကြီးမြို့ဘုရားသုံးဆူမြို့နှင့် ကျိုက်ဒုံမြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ကြာအင်းဆိပ်ကြီးမြို့ ဖြစ်သည်။

အချက်တိုများ ကြာအင်းဆိပ်ကြီးမြို့နယ်, နိုင်ငံ ...
Remove ads
Remove ads

သမိုင်းကြောင်း

ကြာအင်းဆိပ်ကြီးမြို့နယ်သည် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီးတွင် အင်္ဂလိပ်အား ပေးလိုက်ရသော ကျိုက္ခမီခရိုင်တွင် ပါဝင်ခဲ့သည်။ ၁၉၁၁ ခုနှစ်မှ စ၍ ကြာအင်းဆိပ်ကြီးမြို့နယ်ကို ကော့ကရိတ်ခရိုင်ခွဲအဖြစ် နယ်ပိုင်ဝန်ထောက်တစ်ဦးက အုပ်ချုပ်ခဲ့သည်။ ထိုအချိန်က ကြာအင်းဆိပ်ကြီးမြို့နယ်သည် သစ်တောထူထပ်ပြီး စတုရန်းမိုင် ၁ မိုင်လျှင် လူဦးရေ ၂၀ ခန့်သာ နေထိုင်ခဲ့သည်။[]

၁၉၅၅ ခုနှစ် ဇူလိုင် ၁ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ကို ဘားအံခရိုင်တွင် ထည့်သွင်းခဲ့သည်။ ထို့နောက် ၁၉၆၂ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့တွင် ဘားအံခရိုင်မှ ကော့ကရိတ်ခရိုင်သို့ ပြောင်းရွေ့ထည့်သွင်းခဲ့သည်။

Remove ads

အမည်ရင်းမြစ်

ဇမိချောင်းကမ်းနဖူး သစ်ဆိပ်ကို အစွဲပြု၍ ချောင်းရိုးတစ်လျောက် ခုတ်မောင်းနေသည့် လှေ၊ သင်္ဘောများက ဆိပ်ကြီး ဟုခေါ်ရာမှ ကြာအင်းဆိပ်ကြီးမြို့ ဖြစ်လာခဲ့သည်။ မြို့၏ မြောက်ဘက် ၁ မိုင်ခန့်ရှိ ကြာအင်းကြီးကျေးရွာနှင့် တောင်ဘက် ဇမိမြစ်ကမ်းသစ်ဆိပ်ကို ပူးတွဲခေါ်ဝေါ်လျက် ကြာအင်းဆိပ်ကြီးမြို့ဟု ခေါ်တွင်လာခဲ့ခြင်း ဖြစ်သည်။[]

ပထဝီဝင် တည်နေရာနှင့် အကျယ်အဝန်း

ကြာအင်းဆိပ်ကြီးမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၁၃ မိနစ် ၁၅ စက္ကန့်နှင့် ၁၆ ဒီဂရီ ၀၂ မိနစ် ၀၀ စက္ကန့်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၅ မိနစ် ၃၀ စက္ကန့်နှင့် ၉၈ ဒီဂရီ ၀၇ မိနစ် ၀၀ စက္ကန့်အကြားတွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အမြင့်မှာ ၃၇ ပေ (၁၁ မီတာ) ဖြစ်ပြီး မြို့နယ်အကျယ်အဝန်းမှာ ၃,၀၃၁.၀၁ စတုရန်းမိုင် (၁,၉၃၉,၈၅၀ ဧက) ဖြစ်သည်။ အရှေ့မှ အနောက်သို့ မိုင် ၅၀ နှင့် တောင်မှ မြောက်သို့ ၈၂ မိုင် ရှည်လျားသည်။[]

မြေမျက်နှာသွင်ပြင်

ကြာအင်းဆိပ်ကြီးမြို့နယ်သည် တောတောင်ထူထပ်ပြီး အရှေ့မြောက် ကျိုက်ဒုံဒေသတွင် ပျမ်းမျှအမြင့်ပေ ၃၇၀၀ ရှိသော ဒေါနတောင်တန်းနှင့် တောင်စွယ်တောင်ထွဋ်များ တည်ရှိသည်။ မြို့နယ်အတွင်းတွင် ဇမိမြစ်ဝင်းရော်မြစ်နှင့် ဟောင်သရောမြစ်တို့သည် တောင်မှ မြောက်သို့ စီးဆင်းသည်။ ဇမိမြစ်နှင့် ဝင်းရော်မြစ်တို့သည် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအနီးတွင် ပေါင်းဆုံပြီး အတ္တရံမြစ်အဖြစ် မုတ္တမပင်လယ်ကွေ့သို့ ဆက်လက်စီးဆင်းသည်။[]

ကိုးကား

Loading content...

ပြင်ပလင့်ခ်များ

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads