မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားပြိုင်ဝင်း

From Wikipedia, the free encyclopedia

Remove ads

မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားရုံစုသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ အားကစားရုံစုဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံက ၆၄နှစ်အတွင်း ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ရည်ရွယ်ကာ ဆောက်လုပ်နေခြင်းဖြစ်သည်။

သမိုင်းကြောင်း

ဖနွမ်းပင်မြို့ရှိ ၂၃၀ဧက ကျယ်ဝန်းသောမြေပေါ်တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က ၂၀၁၂ ဩဂုတ်လတွင် ဝန်ကြီးအဆင့် ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့သည်။ကမ္ဘောဒီးယားအမျိုးသား အိုလံပစ်ကော်မတီ၏ အဆိုအရ ဤအားကစားရုံစုမှာ နိုင်ငံ၏ ပထမဆုံးသော ခေတ်မီနှင့် နိုင်ငံတကာအဆင့်မီ အားကစားကွင်းများဖြစ်သည်။ အမေရိကန်ဒေါ်လာ သန်း၂၀၀နီးပါး ကုန်ကျမည့် ဤစီမံကိန်းကို ၂၀၁၃ခုနှစ် ဧပြီလတွင် စတင်ခဲ့သည်။ဤစီမံကိန်းအား တရုတ်နိုင်ငံအစိုးရမှ ကူညီထောက်ပံ့ပေးခဲ့သည်။[]

စီမံကိန်း၏ ပထမအဆင့်ကို ၂၀၁၇ ဧပြီလ ၄ရက်နေ့တွင် ပြီးစီးခဲ့သည်။ ထို့နောက် ဒုတိယအဆင့်အဖြစ် အဓိက အားကစားကွင်းဖြစ်သော မိုရိုဒေါ့ တက်ကို အမျိုးသားအားကစားကွင်းကို ဆက်လက် တည်ဆောက်ခဲ့ကြသည်။

Remove ads

ပုံစံ

လက်ရှိပုံစံမှာ ကွင်း (၆)ကွင်းနှင့် လူ ၁၅၀၀လေ့ကျင့်နိုင်သော အားကစားခန်းမတစ်ခု ပါဝင်သည်။ မိုးလုံလေလုံအားကစားရုံမှာ ပရိသတ် ၁၅၀၀၀ဝင်ဆံ့ပြီး ရေကူးကန်မှာ ပရိသတ် ၆၀၀၀ဝင်ဆံ့သည်။

ပရိသတ် ၃၇၀၀ဆံ့သော ကြက်တောင်နှင့် တင်းနစ်ခန်းမ၊ ပရိသတ် ၃၇၀၀ဆံ့ ကျွမ်းဘားနှင့်ရိုးရာအားကစားလန်းမ၊ဘက်စကက်ဘော၊ဘော်လီဘောနှင့် ဖူဆယ်ကစားနည်းများအတွက် ပရိသတ်၃၀၀၀ဆံ့ကွင်းများ လည်းပါဝင်သည်။ ခြောက်ထပ်အဆောက်အဦး ၄လုံး၊ ရှစ်ထပ်အဆောက်အဦး ၄လုံးလည်း ပါဝင်ပြီး အခနိးပေါင်း ၄၀၀နှင့် စားသောက်ခန်းမ ၂ခုပါဝင်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads