မြင်သားရွာ၊ ဂန့်ဂေါမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
မြင်သားရွာ (အင်္ဂလိပ်: Myinthar)သည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၂၁၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မြင်သားကျေးရွာအုပ်စုတွင် ကျား ၁၈၃၃ ဦး၊ မ ၁၉၈၆ ဦး၊ လူဦးရေ စုစုပေါင်း ၃၈၁၉ ဦးနေထိုင်သည်။ [၁]
Remove ads
၂၀၂၁ ဖြစ်ရပ်
၂၀၂၁ ခု၊ စက်တင်ဘာလ ၉ ရက်တွင် စစ်တပ်မှ ဒဘယ်ကပ် ခေါ် နှစ်ခန်းပါကား ၃ စီး၊ ဆိုင်ကယ် ၈ စီးဖြင့် လာရောက်စဉ် ရွာခံလုံခြုံရေးတပ်နှင့် ပစ်ခတ်မှုဖြစ်သည်။ [၂] စစ်ဘေးရှောင်ရွာခံတို့က စစ်တပ်မှ ရွာထဲသို့ လက်နက်ကြီးဖြင့်ပစ်ကာ ဦးနှိမ်သဖြင့် ရွာထိပ်ရှိ တံတားသို့ ထွက်ကာ ခုခံခြင်းဖြစ်ကြောင်း ဆိုသည်။ စစ်တပ်ကမူ စစ်ဆေးရန်သွားရောက်စဉ် ရွာထိပ်သို့ထွက်ကာ ခုခံသဖြင့် တိုက်ခိုက်ရကြောင်း သတင်းထုတ်ထားပြီး ဒေသခံဘက်မှ သေဆုံးဦးရေကို မသိကြောင်း ပြောသည်။ [၃] စက်တင်ဘာလ ၁၀ ရက်တွင် စစ်ကူသွားသော ပြည်သူ့ကာကွယ်ရေးတပ်(ယော)မှ တာဝန်ရှိသူတဦးက ၁၈ ဦး သေဆုံးပြီး ၎င်းအနက် ၅ ဦးမှာ ရွာထဲကျန် သက်ကြီးရွယ်အိုများဖြစ်ကြောင်း၊ ခုခံသူ ၁၃ ဦးအနက် လက်နက်ကြီးမှန်၍ ဒဏ်ရာရဖမ်းမိသူ ၈ ဦးကို ဦးခေါင်းအား သေနတ်ဖြင့်ပစ်ထားကြောင်း ဖွင့်ဟသည်။ [၄][၅] စစ်တပ်မှာ ၉ ရက်နေ့တွင် ရွာထဲဝင်နိုင်သည်နောက် ရွာထဲကျန်သူတို့ကို ဘုန်းကြီးကျောင်းတွင် စုစည်းစေ၍ မှတ်တမ်းတင်နိုင်သော ဖုန်း၊ ကင်မရာတို့ကို ဖျက်ဆီးကာ ခေတ္တတပ်စွဲထားသည်။ ၁၀ ရက်နေ့တွင် ပစ္စည်းသိုလှောင်ထားသည်ထင်သော နေရာများကို မီးရှို့ကာ ပြန်သွား၏။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads