မြတောင်ရွာ၊ ထီးချိုင့်မြို့နယ်

From Wikipedia, the free encyclopedia

Remove ads

မြတောင်ရွာ (အင်္ဂလိပ်: Myataung)သည် စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်ထီးချိုင့်မြို့နယ်မြတောင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ မြတောင်ကျေးရွာ အုပ်စုတွင် မြတောင်ရွာ၊ ကက္ကုရွာ၊ တောရရွာ၊ သပြေလှရွာနှင့် ဖုန်းကုန်းလေးရွာတို့ ပါဝင်ကြသည်။ ရွာနေရာကုတ်မှာ ၁၇၄၆၁၉ ဖြစ်သည်။ []

အချက်တိုများ မြတောင်, မြတောင်ရွာ ...

ဧရာဝတီမြစ်၏ အရှေ့ခြမ်းတွင် တည်ရှိပြီး အိမ်ခြေတစ်ထောင်ကျော်ခန့်ရှိသည်။ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကျသည်။ ပဲအမျိုးမျိုး၊ စပါး နှင့် ကြံစိုက်ပျိုးကြသည်။

မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက် ဖြစ်ခဲ့သော သီပေါဘုရင်၏ မိဘုရားခေါင်ကြီး စုဖုရားလတ် အပျိုတော်ဘဝက အပိုင်စားရခဲ့သည့် ရွာဖြစ်သည်။ တကောင်းမြို့တော်၏ အထက်မိုင်(၂၀)ခန့်တွင် တည်ရှိသည်။ ရှေးယခင် မြန်မာဘုရင်များလက်ထက်တွင် မြို့အဖြစ်တည်ရှိသောလည်း အင်္ဂလိပ်အစိုးရလက်ထက်တွင် ထီးချိုင့်မြို့နယ်အတွင်း သွတ်သွင်းခံခဲ့ရသည်။[ကိုးကားချက်လိုသည်] မြတောင်ရွာ ရှေးယခင်ကပင် တည်ရှိခဲ့ပြီး အနော်ရထာမင်းကြီးလက်ထက် ဧရာဝတီ မြစ်အတွင်း တည်ခဲ့သည့် ကင်းမြို့ ၄၃ မြို့တွင် အပါဖြစ်သည်။

ဗမာ၊ ရှမ်းနှင့် လီဆူးလူမျိုးများနေထိုင်ကြသည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads