မြောက်ခင်ရန်းရွာ၊ ဂန့်ဂေါမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
မြောက်ခင်ရန်းရွာ (အင်္ဂလိပ်: Myaukkhinyan)သည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၂၁၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မြောက်ခင်ရန်းကျေးရွာအုပ်စုတွင် ကျား ၂၂၂၄ ဦး၊ မ ၂၃၈၂ ဦး၊ လူဦးရေ စုစုပေါင်း ၄၆၀၆ ဦးနေထိုင်သည်။ [၁] ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်က မြောက်ခင်ရန်းရွာ ဆေးရုံရှေ့ကုက္ကိုလ်ပင်အောက်တွင် ယောကာကွယ်ရေးတပ်ဖွဲ့ဝင် အသက် ၂၃ နှစ်အရွယ် ကိုဖိုးတေနှင့် အသက် ၂၂ နှစ်အရွယ် ကိုသားထောင်တို့ကို ညှဉ်းပန်းနှိပ်စက်ပြီး မသေမချင်း မီးရှို့ သတ်ဖြတ်နေသည့် ရုပ်သံဗီဒီယိုတစ်ခု ၂၀၂၄ ဖေဖော်ဝါရီလ ၆ ရက်နေ့က အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ စစ်ကောင်စီ တပ်သားများနှင့် လက်အောက်ခံပျူစောထီးအဖွဲ့ဝင်များ အခြေစိုက် ထားသည့် မြောက်ခင်ရန်းရွာကို ယောကာကွယ်ရေးတပ် (YDF) နှင့် ပူးပေါင်းတပ်များ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က သွားရောက်တိုက်ခိုက်ချိန်တွင် ၎င်းတို့နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ [၂] [၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads