ရခိုင်ပြည်အမျိုးသားကောင်စီ
From Wikipedia, the free encyclopedia
Remove ads
ရခိုင်ပြည်အမျိုးသားကောင်စီ(ANC) သည် ရခိုင်ပြည်နှင့် လူထု၏တခုတည်းသော နိုင်ငံရေးစစ်မျက်နှာတစ်ခု အဖြစ် ၂၀၀၄ ခုနှစ်တွင်အကြိုအမျိုးသားညီလာခံမှ ပေါက်ဖွားလာခဲ့သည်။ စတင်တည်ထောင်ချိန်မှစ၍ အလွန်ခက်ခဲသောနိုင်ငံရေးလမ်းကြောင်းတွင် လျှောက်လှမ်းလာခဲ့ပြီး၊ ၂၀၀၆ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်များတွင် ပထမအကြိမ် နှင့် ဒုတိယအကြိမ်ညီလာခံအသီးသီးကို အောင်မြင်စွာကျင်းပ၍ ရခိုင်ပြည်နှင့် ရခိုင်လူထု၏ လွတ်မြောက်ရေး အာမခံချက်တို့အတွက် အောက်ပါအတိုင်း နိုင်ငံရေးလမ်းညွှန်ချက်များကို ချမှတ်ဖော်ဆောင်လျက် ရှိသည်။
![]() |
၁။ ရခိုင်ပြည်သူတရပ်လုံးသွေးစည်းညီညွတ်ရေး၊ ၂။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ၃။ ပြည်ထောင်တိုင်း၏ နိုင်ငံရေးအရ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ၄။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ ၅။ စည်းလုံးခိုင်မာသောရခိုင်ပြည်တည်ဆောက်ရေး။
၂၀၁၀-ခု ဒုတိယအကြိမ်ညီလာခံတွင် နိုင်ငံရေးပါတီများဖြစ်ကြသော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ) (ALD-Exile)၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA)၊ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC)၊ ရခိုင်သံဃာ့သမဂ္ဂ (RSU) နှင့် အခြားသောလူမှုအဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလများဖြင့် စုဖွဲ့ ချီတက်ခဲ့ကြသည်။ ၂၀၁၆ ခုနှစ်တွင် အရေးပေါ်မျက်နှာစုံညီအစည်းအဝေးများဖြင့် ANC ကို တစ်ဖွဲ့တစ်ပါတီတည်းအဖြစ် ကျစ်လျစ်ခိုင်မာစွာ တည်ဆောက်၍ နိုင်ငံရေးလမ်းညွှန်ချက်များအတိုင်း ခရီးဆက်လျက် ရှိသည်။
ANC အနေဖြင့် တိုင်းရင်းသားတပ်ပေါင်းစုများဖြစ်သည့် ၂၀၀၄ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့သော တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ) (Ethnic Nationalities Council – Union of Burma) တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၁ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council – UNFC) တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။[၁] UNFC ပေါ်ပေါက်လာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး တပ်ပေါင်းစုများအကြား ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမိုအဆင်ပြေစေရန် ENC တပ်ပေါင်းစုကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင် ဖျက်သိမ်းခဲ့ကြသည်။ ANC ၏ တပ်ပေါင်းစုမူမှာ ယနေ့မိမိတို့ရင်ဆိုင်နေရသည့် ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး ကိုယ့်ကြမ္မာကိုယ် လွတ်လပ်စွာ ဖန်တီးဆုံးဖြတ်ပိုင်ခွင့် ရရှိရေးအတွက် လူမျိုးတစ်မျိုးတည်း တစ်စုတစ်ဖွဲ့တည်းဖြင့် ဖော်ဆောင်၍မရနိုင်သည့်အတွက် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ပါမှ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဟု ယုံကြည်သည်နှင့်အညီ UNFC နှင့် အတူအတွ လက်တွဲဆောင်ရွက်လျက် ရှိသည်။
ကရင်ပြည်နယ်တွင် အခြေစိုက်သော ရခိုင်ပြည်တပ်မတော်သည် ရခိုင်အမျိုးသားကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။[၂]
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများကြောင့် ရခိုင်အမျိုးသားကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သော ဦးနိုင်စိုးကို ၂၀၁၈ ဖေဖော်ဝါရီလတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။[၃] နောက်ပိုင်းတွင်း ဗုံးကွဲမှုများနှင့် ဆက်စပ်မှုရှိကြောင်း ရဲတပ်ဖွဲ့က သက်သေမပြနိုင်သဖြင့် ပြန်လွတ်လာခဲ့သည်။[၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads