ရင်ပေါင်တိုင်ရွာ၊ ယင်းမာပင်မြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ရင်ပေါင်တိုင်ရွာ (အင်္ဂလိပ်: Yinpaungtaing)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၃၆၅၅ ဖြစ်သည်။ [၁]
Remove ads
၂၀၂၂ ဖြစ်ရပ်
၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့တွင် ရင်ပေါင်တိုင်ရွာကို စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက်မှုအပြင် အင်အား ၁၃၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းပြီး ဒေသခံများကို သတ်ဖြတ်ခဲ့ရာ အသက် ၁၀ နှစ်ခန့်ရှိ ကလေးတစ်ဦး အပါအဝင် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့သည်။[၂] ဩဂုတ်လ ၁၁ ရက်နေ့ညနေပိုင်းတွင် ရင်ပေါင်တိုင်ရွာအား Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးဖြင့် တစ်နာရီနီးပါးကြာ ပစ်ခတ်တိုက်ခိုက်ပြီး ရဟတ်ယာဉ် ၃ စီးဖြင့် စစ်သား ၆၀ ကျော် ချထားခဲ့သည်။ ထို့အပြင် ရင်ပေါင်တိုင်ရွာ ဒေသခံ ၂၀ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။[၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads