ရတနာပုံဈေး

From Wikipedia, the free encyclopedia

ရတနာပုံဈေးmap
Remove ads

ရတနာပုံဈေးသည် မန္တလေးမြို့ရှိ ဒုတိယအကြီးဆုံးဈေးကြီးဖြစ်သည်။ မြို့၏ အဓိကကျသော နေရာဖြစ်သည့် ၇၈လမ်းပေါ်တွင် တည်ရှိသည်။၂၀၀၃ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ထိုစဉ်က မန္တလေးမြို့၏ ခေတ်အမီဆုံးဈေးဖြစ်ကာ ဈေးချိုတော်ပြီးလျှင် ဒုတိယအကြီးဆုံးဈေးဖြစ်သည်။၂၀၀၈ခုနှစ် ဖေဖော်ဝါရီလတွင် ပထမအကြိမ်မီးလောင်ခဲ့သဖြင့် ဈေးတစ်ခုလုံး ဖျက်သိမ်းခဲ့ရသည်။ နောက်ပိုင်းတွင် မူလရတနာပုံဈေး၏ တစ်ပြပတ်လည်မြေနေရာအား ဒိုင်းမွန်း ပလာဇာနှင့် ရတနာပုံစူပါစင်တာဟူ၍ ပြန်လည်တည်ဆောက်ခဲ့သည်။ ရတနာပုံဈေးအား ရတနာပုံစူပါစင်တာဘက်အခြမ်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။၂၀၂၀ပြည့်နှစ် ဇန်နဝါရီလတွင် ဒုတိယအကြိမ်မီးလောင်ကျွမ်းခဲ့သော်လည်း အချိန်မီ မီးထိန်းနိုင်ခဲ့၍ ပထမအကြိမ်ကဲ့သို့ ဆုံးရှုံးမှုမများခဲ့ပေ။[][] []

အချက်တိုများ တည်နေရာ, ကိုဩဒိနိတ် ...
Remove ads

ပြန်လည်တည်ဆောက်ခြင်း

မူလရတနာပုံဈေးမှာ အလျား ၄၀၈ပေ၊အနံ၃၄၀ပေ၊အမြင့် ၅၆ပေနင့် ၅ထပ်အဆောက်အဦးဖြစ်သည်။ မီးလောင်ခဲ့သော ရတနာပုံဈေးကို ၂၀၀၉ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့သည်။ ဒိုင်းမွန်းပလာဇာနှင့် ရတနာပုံစူပါစင်တာဟူ၍ နှစ်ခြမ်းခွဲကာ တည်ဆောက်ခဲ့သည်။ အလျား ၄၆၈ပေ၊ အနံ၄၅၀ပေနှင့် မြေအောက်ထပ်+ အာစီ၆ထပ်ရှိ အဆောက်အဦးကို မြန်မာ၊ထိုင်း၊စင်ကာပူ ပညာရှင်များ ပူးပေါင်းတည်ဆောက်ခဲ့ကြသည်။ အဆောက်အဦး၏ အပေါ်ဆုံးထပ်တွင် ရေဂါလန် ၃၀၀၀၀၊အောက်ဆုံးထပ်တွင် ရေဂါလန်၅၀၀၀၀ ဆံ့သော ရေကန်များ၊အလိုအလျောက် မီးငြှိမ်းသတ်စနစ်၊မီးခိုးငွေ့ အာရုံခံစနစ်များ ပါရှိသည်။ ဒိုင်းမွန်းပလာဇာနှင့် ရတနာပုံဈေးကြားတွင် ပေ၄၀အကျယ် မီးသတ်ကားအဝင်အထွက်လမ်းရှိသည်။

ရတနာပုံဈေးဘက်ခြမ်းတွင် မြေအောက်ထပ်နေရာအချို့နှင့် မြေညီထပ်တွင် ဈေးဆိုင်ခန်းများ ပထမထပ်၌ Sky Walk Shopping Center၊ ဒုတိယထပ်၌ ကျောက်မျက်ရတနာဆိုင်များပါဝင်သည့် မန္တလေးရတနာမောလ်၊ တတိယထပ်၌ ကွန်ပျူတာသင်တန်းခန်းမ၊စတုတ္ထထပ်၌ မန္တလေးစက်မှုလက်မှုကုန်သည်များအသင်း၊အထက်မြန်မာပြည်ဓာတ်ပုံပညာရှင်များအသင်း၊ပဉ္စမထပ်တွင် ကွန်ပျူတာသင်တန်းခန်းမ၊ဆဌမထပ်တွင် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ ပါရှိသည်။[]

Remove ads

မီးလောင်မှု

ပထမအကြိမ်

၂၀၀၈ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ရတနာပုံဈေးတွင် မီးလောင်ကျွမ်းခဲ့သည်။ မီးမှာ များလာခဲ့ပြီး မထိန်းနိုင်ဘဲဖြစ်လာခဲ့ရသည်။ ခေတ်မီ မီးငြှိမ်းသတ်ခြင်းများ မလုပ်ဆောင်နိုင်ခဲ့သဖြင့် ၁၃နာရီကြာ မီးလောင်ကျွမ်းခဲ့ပြီး ဈေးဆိုင်ခန်းများ၊ ကွန်ပျူတာသင်တန်းများ၊ပရိဘောဂဆိုင်များ စသည့်ဆိုင်ခန်းပေါင်း ၂၅၀၀ကျော်နှင့် ကျပ်သန်းပေါင်း ၂၆၄၅သန်း ဆုံးရှုံးခဲ့ကာ ၂၁ယောက်ဒဏ်ရာရခဲ့သည်။[] []

ဒုတိယအကြိမ်မီးလောင်မှု

၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၁၇ရက်နေ့ ည၆နာရီခန့်မှစတင်ကာ Sky Walk Shopping Centerဘက်ခြမ်းမှစတင်၍ မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်ကျွမ်းမှုကို အဆင့်(၅)အထိ သတ်မှတ်ခဲ့ပြီး မန္တလေးခရိုင်ကျောက်ဆည်ခရိုင်ပြင်ဦးလွင်ခရိုင်နှင့် စစ်ကိုင်းမြို့နယ်များမှ မီးသတ်တပ်ဖွဲ့များနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ ငြှိမ်းသတ်ခဲ့ကြသည်။ ခေတ်မီမီးသတ်ယာဉ်များနှင့် ခေတ်မီမီးငြှိမ်းသတ်စနစ်များကြောင့် မီးမှာ စတင်လောင်ကျွမ်းသည့် ပထမအထပ်တွင်သာ လောင်ကျွမ်းခဲ့ပြီး ၁၈ရက်နေ့နံနက် ၅နာရီတွင် အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့သည်။ ဒုတိယအကြိမ်မှာ ပထမအကြိမ်ကဲ့သို့ ဈေးတစ်ခုလုံး မဆုံးရှုံးခဲ့ရဘဲ ပထမအထပ်သာ မီးလောင်ကျွမ်းခဲ့သည်။ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်းတစ်သောင်းရှိခဲ့သည်။ အဆောက်အဦးတွင် ခေတ်မီမီးငြိမ်းသတ်စနစ်များ ပါဝင်သော်လည်း မီးလောင်ကျွမ်းခဲ့ရခြင်းမှာ စနစ်ကြောင့်မဟုတ်ဘဲ လူကြောင့်ဖြစ်ကြောင်း အစိုးရဘက်မှပြောဆိုကာ ပထမအထပ်မှ စနစ်များအလုပ်မလုပ်ခြင်းကြောင့်ဟု ဆိုင်ခန်းရှင်အချို့မှ ပြောဆိုခဲ့ကြသည်။[]

Thumb
ဒုတိယအကြိမ်မီး​လောင်ပြီး​နောက် ​တွေ့ရစဉ်
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads