ဝက်သိုက်ရွာ၊ စလင်းမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ဝက်သိုက်ရွာ (အင်္ဂလိပ်: Wetthaik)သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၆၄၃၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရှမ်းစုကျေးရွာအုပ်စုတွင် ကျား ၁၂၈၄ ဦး၊ မ ၁၅၆၇ ဦး၊ လူဦးရေ စုစုပေါင်း ၂၈၅၁ ဦးနေထိုင်သည်။[၁] စလင်းမြို့နယ်နှင့် နှစ်မိုင်အကွာတွင် တည်ရှိပြီး ဆင်ဖြူကျွန်းမြို့နှင့် ကိုးမိုင်ခန့်ကွာဝေးသည်။ အိမ်ခြေစုစုပေါင်း ၃၇၀ ဝန်းကျင်ခန့်ရှိပီး လူဦးရေ ၁၃၀၀ ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စလင်းမြို့နှင့် ကားလမ်း ဆိုင်ကယ်လမ်း များကောင်းမွန်စွာသွားလာနိုင်သည်။ အဓိကစီးပွားရေးအနေဖြင့် လယ်ယာအလုပ်ဖြင့်အသက် မွေးဝမ်းကျောင်းပြုကြပြီး ရာသီအလိုက် နှမ်း၊ ပဲ နှင့် စပါးစိုက်ပျိုးခြင်းတို့ဖြင့် အသက်မွေးကြသည်
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads