ဝန်ချုံးရွာ၊ ပေါက်မြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ဝန်ချုံးရွာ (အင်္ဂလိပ်: Wunchone)သည် မကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်ပေါက်မြို့နယ်ဝန်ချုံးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၈၈၆၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဝန်ချုံးကျေးရွာအုပ်စုတွင် ကျား ၁၁၀၆ ဦး၊ မ ၁၂၉၈ ဦး၊ လူဦးရေ စုစုပေါင်း ၂၄၀၄ ဦးနေထိုင်သည်။ []

အချက်တိုများ ဝန်ချုံး, ဝန်ချုံးရွာ ...
Remove ads

၂၀၂၁ ခု၊ အာဏာသိမ်းစဉ် အခြေအနေ

၂၀၂၁ ခု၊ ဇူလိုင်လ ၃၁ ရက်တွင် ပင်တောင်ရွာ အုပ်ချုပ်ရေးမှူး ဦးထီမြို လုပ်ကြံခံရသည်နောက် စစ်သားနှင့်ရဲများက ယင်းရွာအပါအဝင် အနီးအစပ်ရှိကျေးရွာများကို ရှာဖွေစစ်ဆေးသည်။ ပင်တောင်ရွာ အနောက်တောင်ဘက် ၂ မိုင်အကွာ ဝန်ချုံးရွာအနီး၌ ပြည်သူ့ကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်ပြီးနောက် ရွာတွင်းသို့ လာရောက်ကာ အိမ် ၃ လုံး မီးရှို့သည်။ အိမ် ၁၅ လုံးကို မွှေနှောက်ရှာဖွေသည်။ []

ဩဂုတ်လ ၂၉ ရက်တွင် တပ်ခွဲ ၂ ခွဲ ရွာတွင်း၌ တပ်စွဲထားသည်။ [] စက်တင်ဘာ ၂ နေ့လယ်ပိုင်းတွင် ရွာမှ မီးတောက်များတက်လာခြင်းကြောင့် အိမ်များကို မီးရှို့နေသည်ဟု စစ်ပြေးရှောင် ရွာသားတို့က ယူဆကြ၏။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads