သစ်ခွတောင်ရွာ၊ သံတောင်ကြီးမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
သစ်ခွတောင်ရွာ(အင်္ဂလိပ်: Thitkhwataung)သည် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၀၁၁၁ ဖြစ်သည်။
သစ်ခွတောင်ကျေးရွာသည် ပင်လယ်မျက်နှာပြင်အထက် အမြင့်ပေ(၃၂၄၆)တွင်တည်ရှိသည်။ကျေးရွာ၏ နယ်နိမိတ်သည် ဧရိယာဧကပေါင်း (၁၃၆၇.၉၈) ဧက ကျယ်ဝန်းပါသည်။ သစ်ခွတောင်တွင် လျှိုပိတ် ရှိ၍၊၂၀၂၃ခုနှစ်၏ စာရင်းအရ အိမ်ခြေ ၈၅ ရှိပြီး လူဦးရေ ၄၂၀ အတွက် သောက်သုံးရေ ရရှိသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း ၆၇ ရွာတွင် ပါဝင်သည်။ ထင်ရှားသော လိုထိုးဘုရားဖူးတောင်သည်လည်း သစ်ခွတောင်ကျေးရွာတွင်တွေ့ရှိရသည်။ လိုထိုးဘုရားဖူးတောင်တွင် လိုထိုးဖဲသည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ(၃၂၄၆)တွင်ရှိပြီး လိုထိုးမိုတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၃၅၀၈)တွင် ရှိပါသည်။ ကျေးရွာ၏ အမြင့်ဆုံးတောင်ဖြစ်သော သီဘားစောခိုတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၃၇၈၃)တွင်တည်ရှိပါသည်။ ဂေဘားလူမျိုးအများဆုံးသာ နေ ထိုင်ကြပြီး ရိုမန်ကက်သလစ်ဘာသာဝင်များသာ ဖြစ်ကြပါသည်။
ref>Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။</ref>
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads