သရဏင်္ကရာဘုရား
From Wikipedia, the free encyclopedia
Remove ads
သရဏင်္ကရာ မြတ်စွာဘုရား ပွင့်တော်မူစဉ် အခါ လူတို့၏ သက်တမ်းမှာ အနှစ် (၉၀, ဝဝဝ) ကိုးသောင်းတမ်းဖြစ်သည်။ အလောင်းတော်သည် မင်းမိဘုရားနှစ်ပါးတို့မှဖွားမြင်သော မင်းသားဖြစ်၍ ရွှေနန်းစည်းစိမ်ကို ကြင်ယာမိဘုရား မောင်းမမိဿံ အခြံအရံစုံလင်စွာဖြင့် နှစ်ပေါင်း (၇၀, ဝဝဝ) ခုနှစ်သောင်းတိုင်တိုင် ခံစားတော်မူသည်။ ထိုစဉ် နိမိတ်ကြီးလေးပါးမြင်ကာ သံဝေဂဖြစ်တော်မူ၍ တောထွက်တော်မူပြီး ဒုက္ကရစရိယာအကျင့်ကို တစ်လတိတိကျင့်၍ သဗ္ဗညုတဉာဏ်တော်ကို ရတော်မူကာ သမ္မာသမ္ဗုဒ္ဓဘုရားစင်စစ် ဖြစ်တော်မူသည်။ မှီ၍ပွင့်ရာ ဗောဓိပင်ကား-ပါဋလိဗောဓိရုက္ခ-သခွပ်ပင်ဖြစ်သည်။
အချို့ကျမ်းများတွင် ဒုက္ကရစရိယာအကျင့်ကို သုံးလကျင့်တော်မူသည်။ မှီရာဗောဓိပင်မှာ ကုဏ္ဌပဏ္ဏဝဋဗောဓိရုက္ခ-ညောင်ကြပ်ပင် ဟုဆိုသည်။ ဖွားရာဇာတိ မြို့ရွာနှင့် မိဖ ကြင်ရာတော် သားတော် အဂ္ဂသာဝက စသည်အမည်များကိုကား အဋ္ဌကထာ၌ အထူးဖော်ပြမထားတော့ပေ။
ကျွန်ုပ်တို့၏ ဂေါတမမြတ်စွာဘုရားအလောင်းတော်သည် ဤတဏှင်္ကရာ, မေဓင်္ကရာ, သရဏင်္ကရာ ဟူသော ရှေးဘုရားသုံးဆူ အထံတော်၌ နိယတဗျာဒိတ်ပန်းကို ဆင်မြန်းခွင့် မရသေးပေ။ ဒီပင်္ကရာမြတ်ဘုရားထံမှသာစ၍ နိယတဗျာဒိတ်ပန်း ဆင်မြန်းခွင့်ရတော်မူသည်။ သရဏင်္ကရာ မြတ်စွာဘုရား၏ အရပ်တော်ဟူသော ဉာဏ်တော်မှာ အမြင့်အတောင် (၉၀) ကိုးဆယ် ရှိတော်မူသည်။ ရောင်ခြည်တော်ကား (၉) ယူဇနာ အရပ်သို့ တိုင်အောင် ပျံ့နှံ့တော်မူ၏။
ဤသရဏင်္ကရာ မြတ်စွာဘုရားသည်လည်း ဝေနေယျသတ္တဝါတို့အား တရားရေအေး တိုက်ကျွေးတော်မူခြင်းဟူသော ဗုဒ္ဓကိစ္စကို သက်တော် (၈၀, ဝဝဝ) ရှစ်သောင်းတိုင်တိုင် ဆောင်ရွက်တော်မူပြီးနောက် ပရိနိဗ္ဗာန် ဝင်စံတော်မူသည်။
Remove ads
- သရင်္ဏရော သမ္ဗုဒ္ဓေါ၊ သန္တိကရော ဇုတိန္ဓရော။
- သန္တဒံ အဟံ ဝန္ဒေ၊ သော မေ ဒေတု ဇယံ ဇိနော။ [၁]
- သရဏင်္ကရာဗုဒ္ဓဝင်ကို ကြည့်ပါ။
- သရဏင်္ကရာဘုရားရှင်ကို ကြည့်ပါ။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads