သီရိသီဟကျော်တံဆိပ်
From Wikipedia, the free encyclopedia
Remove ads
သီရိသီဟကျော်တံဆိပ် သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် က ချီးမြှင့်သည့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ် တစ်ခုဖြစ်သည်။[၁] နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်ပနိုင်ငံများနှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရာ၌ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြ သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်နိုင်ရန်အလို့ငှာ ပေးအပ်ချီးမြှင့်သည့် တံဆိပ် လည်း ဖြစ်သည်။ယင်းတံဆိပ် ကို နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတံဆိပ် တစ်ခု အဖြစ်လည်း သတ်မှတ်သည်။[၂]
Remove ads
သမိုင်းအကျဉ်း နှင့် ရည်ရွယ်ချက်
၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၄ ခုနှစ် မေလ ၂၀ရက်နေ့တွင် နဂိုမူလ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် [၃]ထဲ အသစ်ဖြည့်စွက်ပြဋ္ဌာန်းပြီး သတ်မှတ်လိုက်သော တံဆိပ်တစ်ခုဖြစ်သည်။ ယင်းတံဆိပ်ကို ခေတ်မီ တပ်မတော် တည်ဆောက်နိုင်ရန် နိုင်ငံတကာစစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများအား ပေးအပ်သည်။[၄]
Remove ads
ချီးမြှင့်ခြင်းခံရသူများ
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး အပါအဝင် (၁၅) ဦး[၅] အား ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သည် ဤတံဆပ် ပေးအပ်ချီးမြှင့်သည်။[၆] [၇]
နောက်ထပ်ကြည့်ရန်
- သီရိသူရကျော်တံဆိပ်
- သီရိဇေယျကျော်တံဆိပ်
- သီရိသိင်္ခကျော်တံဆိပ်
- သီဟဗလတံဆိပ်
- သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads