ဟိုခို (တောင်)ရွာ၊ နောင်ချိုမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ဟိုခို (တောင်)ရွာ (အင်္ဂလိပ်: Hohko (South))သည် ရှမ်းပြည်နယ် (မြောက်)ကျောက်မဲခရိုင်နောင်ချိုမြို့နယ်ဟိုခို (မြောက်)ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၉၇၈၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဟိုခို (မြောက်)ကျေးရွာအုပ်စုတွင် ကျား ၃၄၅၄ ဦး၊ မ ၁၈၀၈ ဦး၊ လူဦးရေ စုစုပေါင်း ၅၂၆၂ ဦးနေထိုင်သည်။ []

အချက်တိုများ ဟိုခို (တောင်), ဟိုခို (တောင်)ရွာ ...
Remove ads

ထူးခြားထင်ရှား

ဆရာစံဂူ

ဟိုခိုရွာအနီး ရှေးဟောင်းထုံးကျောက်ဂူကြီး မှာ ဆရာစံဂူ ဟု အမည်တွင်သည်။ တော်လှန်ရေး ခေါင်းဆောင် ဆရာစံ နှင့် ဂဠုန်တပ်သားများ အဆိုပါဂူတွင် ပုန်းအောင်း နေထိုင်ခဲ့သည်။ ဟိုခိုရွာသားများက ဆရာစံတပ်ဖွဲ့ကို စားရေရိက္ခာများ လျှို့ဝှက် ထောက်ပံ့ခဲ့သည်။ ဂူမှာ ရှာဖွေ တွေ့ရှိရန် ခက်ခဲပြီး ဟိုခိုရွာမှ ရွာသားတဦး၏ လမ်းပြမှုကြောင့် ဂူနေရာကို အင်္ဂလိပ်စစ်တပ်က ရှာဖွေ တွေ့ရှိခဲ့သည်ဟု ဆိုပါသည်။ ယခုအခါ ခရီးသွားတို့ လာရောက် လေ့လာစရာ နေရာတခု ဖြစ်နေပြီး ဖြစ်ပါသည်။

ဟိုခိုဈေး

ငါးရက်ဈေး တခုဖြစ်သော ဟိုခိုဈေး မှာ ဈေးနေ့များတွင် အထူးစည်ကားပါသည်။

ထင်းရူးစိုက်ခင်း

အင်းမရွာ အထွက်ဖက် တွင် တည်ရှိပါသည်။ သစ်တောဦးစီးဌာနအာရှဖွံ့ဖြိုးရေးဘဏ် စီမံချက် စိုက်ခင်းတခုဖြစ်သည်။ အောင်မြင်သည့် စိုက်ခင်းဖြစ်ပါသည်။ ဟိုခိုအုပ်စုတွင်း တခုတည်းသော လက်ကျန်သစ်တော ဖြစ်ပါသည်။ ဟိုခိုအုပ်စု၏ ရာသီဥတုကို ထိန်းညှိ ပေးလျက် ရှိပါသည်။ ရေရှည်ထိန်းသိမ်းသင့်ပါသည်။

ဟိုခိုရဲဖက်စခန်း

ဟိုခိုရဲဖက်စခန်း မှာ စတင် ထူထောင်စဉ်က ဒေသခံတို့၏ ရွှေ့ပြောင်းတောင်ယာ အပါအဝင် မြေနေရာများ သိမ်းယူခဲ့သဖြင့် ပြဿနာများ ရှိခဲ့ဖူးပါသည်။ မူးယစ်ဆေးဝါး မှုဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ပြစ်ဒဏ်ခံရသူ အများစုကို ထားရှိသည်ကို တွေ့ရပါသည်။ စစ်အစိုးရလက်ထက်က ဘဝသစ်ထူထောင်ရေးစီမံချက် ဟု အမည်ထပ်ခဲ့ပြီး ယခုအခါ သက်မွေးသင်တန်း ဟု အမည်တပ်ထားပါသည်။ အပြင်ထွက် အလုပ်လုပ်သူ ထောင်ကျများကို သံခြေကျင်း များဖြင့် အလုပ်လုပ်ခိုင်းသည်ကို တွေ့ကြရပါသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads