အ.ထ.က(၁)ပုဇွန်တောင်
From Wikipedia, the free encyclopedia
Remove ads
အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပုဇွန်တောင်သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်ရှိ ပုဇွန်တောင်မြို့နယ် ၄၅ လမ်းနှင့် လမ်း ၅၀ကြား အနော်ရထာလမ်းမပေါ် တွင် တည်ရှိသည်။ဤကျောင်း၏ အဆောက်အအုံသည် နှစ် ၁၀၀ကျော် သက်တမ်းရှိ၍ ရန်ကုန်မြို့၏ ထူးခြားသော မြို့ပြ အမွေအနှစ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားသည်။

အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပုဇွန်တောင် ၏ မူလအဆောက်အအုံအား ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် (အဆောက်အအုံဟောင်း) အပါအဝင် ရန်ကုန်မြို့ ရှိ အဆောက်အအုံများစွာ လှူဒါန်းခဲ့သော အလှူရှင်ဖြစ်သည့် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင် ပရဟိတသမား ဒေါက်တာ အက်စ် ရာမာနာသန်း ရက်ဒီးယား (Dr. S. Ramanatha Reddiar) က ဆောက်လုပ်လှူဒါန်းသည်။[၁] အဆောက်အအုံကို အလှူရှင်ကိုယ်တိုင် ၁၉၁၇ မေလ ၃၁ တွင် အုတ်မြစ်ချကာ ၁၉၁၈ ဇွန် ၂၀ တွင် ဖွင့်လှစ်ခဲ့သည်။ ထိုကျောင်း၏ မူလအမည်မှာ အက်စ် သမ်ဘာရာ ရက်ဒီးယာ အထက်တန်းကျောင်း(S. Thambara Reddiar High School) ဖြစ်သည်။ လွတ်လပ်ပြီးခေတ်တွင် ပုဇွန်တောင် အထက်တန်းကျောင်းအဖြစ် အမည်ပြောင်းသည်။ယင်းနောက် အ.ထ.က (၁) ပုဇွန်တောင် အဖြစ် ထပ်မံပြောင်းလဲသည်။
၂၀၁၈ ဒီဇင်ဘာ ၂၀ တွင် ၂၆ ခုမြောက် အပြာရောင်ကမ္ဗည်းပြားကို တပ်ဆင်သည်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
