အကြည်ဘန်းရွာ၊ ထီးလင်းမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
အကြည်ဘန်းရွာ (အင်္ဂလိပ်: Ahkyiban)သည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ အကြည်ဘန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၃၂၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အကြည်ဘန်းကျေးရွာအုပ်စုတွင် ကျား ၃၄၀ ဦး၊ မ ၄၄၃ ဦး၊ လူဦးရေ စုစုပေါင်း ၇၈၃ ဦးနေထိုင်သည်။ [၁] ထီးလင်းမြို့နှင့် ၈ မိုင်ခန့်ဝေးကွာသည်။ ကားလမ်းမရှိသည်။ အထက်တန်းကျောင်း နှင့် ကျေးလက်ကျန်းမာရေးဌာနရှိသဖြင့် အနီးဝန်းကျင် ရွာ ဆယ်ရွာက အားကိုးရသည့်ရွာဖြစ်သည်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် (၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ) တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် လျှပ်စစ်မီးသွယ်တန်းပေးခဲ့သည်။ [၂] ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီက မီးရှို့ခဲ့သဖြင့် အိမ်ခြေ နှစ်ရာခန့်ရှိရွာမှာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ရသည်။ ကျောက်ထုမြို့မှ လာသော အင်အား ၈၀ ပါ စစ်ကြောင်း နှင့် ထီးလင်းမြို့မှ လာသော အင်အား ၁၇၀ ပါ စစ်ကြောင်း နှစ်ခုပေါင်းကာ ရွာကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ရွာသားသုံးဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။ [၃][၄][၅]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads