အဟေတုကဝါဒ
From Wikipedia, the free encyclopedia
Remove ads
(၁) အဟေတုကဝါဒ[၁]၊ အကြောင်းကံတရားမရှိ–သတ္တဝါတို့သည် အကြောင်းကံတရား မရှိပဲ ကောင်းကျိုး ဆိုးကျိုးကို ခံစံကြရသည်–ဟု ယူဆသော (မှားယွင်းသော) အယူဝါဒ (အဟေတုကဒိဋ္ဌိ မည်သော နိယတမိစ္ဆာဒိဋ္ဌိ)။ [၂]
(တိ) (၂) အဟေတုကဝါဒ ရှိသော၊ သတ္တဝါတို့သည် အကြောင်းကံ တရားမရှိပဲ ကောင်းကျိုး ဆိုးကျိုးကို ခံစံ ကြရသည်ဟု ယူဆပြောဆိုသော၊ သူ။ [၃][၄]
အကြောင်းကြောင့် အကျိုးဖြစ်သည် ဟု ဗုဒ္ဓသည် ဟောကြားထားသော်လည်း အဟေတုကဒိဋ္ဌိသည် “အကြောင်းကို ပယ်သော ဝါဒ”ပင်ဖြစ်သည်။ လူဖြစ်လာရသည်မှာ အမျိုးသားနှင့် အမျိုးသမီး အိမ်ထောင်ပြုခဲ့သောကြောင့် လူများကို မွေးဖွားလာရသည်။ ချမ်းသာသည်၊ဆင်းရဲသည်မှာလည်း အတိတ်မှ ကုသိုလ်၊ အကုသိုလ်ကြောင့် မသက်ဆိုင်ဘဲ လက်ရှိအခြေအနေ ကြိုးစားမှုကြောင့်သာ ဖြစ်သည် ဟု အဟေတုကဝါဒီ လူများက မှတ်ယူထားကြသည်။
“ကံ၊ ဉာဏ်၊ ဝီရိယ” သုံးခုတွင် အတိတ်နှင့် ပစ္စုပ္ပန်တွင် ပြုလုပ်ထားသော ကုသိုလ်၊ အကုသိုလ်ကိုကား ထည့်တွက် စဉ်းစားထားခြင်း မရှိပေ။ ဉာဏ်နှင့် ဝီရိယကြောင့်သာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ အတိတ်မှ ကုသိုလ်၊ အကုသိုလ်တို့ကို မယုံကြည်ခြင်းသည် “အဟေတုကဒိဋ္ဌိ” အုပ်စုတွင် ပါဝင်သွားပေသည်။ အကြောင်းကို ပယ်လိုက်ခြင်း ဖြစ်သည်။
“အကြောင်းတရားနှင့် အကျိုးတရား” တွင် အကြောင်းကို ပယ်လိုက်ပြီ ဖြစ်သည့်အတွက် အကျိုးတရားပါ ပယ်ပြီးသား ဖြစ်သွားပေတော့သည်။ “အကြောင်းကံတရား” မရှိဘဲ ကောင်းကျိုး၊ ဆိုးကျိုးများကို ခံကြ၊ စံကြရသည် ဟု မှားယွင်းစွာ ယူဆမိခြင်းကြောင်း “အဟေတုကဒိဋ္ဌိ”ဟု ခေါ်ဆိုကြပေသည်။[၅]
Remove ads
(နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ သုံးမျိုးကို အကျယ်ဟောထားသော အပဏ္ဏကသုတ်)၊ [၆] ။ နိရုတ္တိပထသုတ်၊ [၇] ။ မိစ္ဆာဒိဋ္ဌိနိဒ္ဒေသ၊ [၈] ။ (ဆိုလတ္တံ့သော အရာများ၌လည်း တွဲလျက်ပြထားတတ်၏)၊ မိစ္ဆာဒိဋ္ဌိလေးမျိုး (သဿတ၊ ဥစ္ဆေဒ၊ ဧကစ္စသဿတ၊ အမရာဝိက္ခေပ)ကို ဟောသော မဟာကောဋ္ဌိကသုတ်၊ [၉] ။ သဿတောလောကော၊ အသဿတောလောကော စသည်ကို ပြဆိုခဏ်း၊ [၁၀]
ဆက်စပ်ဖတ်ရှုရန်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads