အောင်နိုင်လေးရွာ၊ ကဝမြို့နယ်

‌ရွာတည် သမိုင်း From Wikipedia, the free encyclopedia

Remove ads

အောင်နိုင်လေးရွာ (အင်္ဂလိပ်: Aungnainglay)သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)ပဲခူးခရိုင်ကဝမြို့နယ်သက္ကလအသင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၈၇၃၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သက္ကလအသင်းကျေးရွာအုပ်စုတွင် ကျား ၉၀၄ ဦး၊ မ ၉၄၅ ဦး၊ လူဦးရေ စုစုပေါင်း ၁၈၄၉ ဦးနေထိုင်သည်။ []

အချက်တိုများ အောင်နိုင်လေး, အောင်နိုင်လေးရွာ ...


အောင်နိုင်လေးရွာကို သာသနာနှစ် ၂၅၀၀ပြည့်နှစ်၊ ကောဇာသက္ကရာဇ် ၁၃၁၈ခုနှစ် တပေါင်းလ၊ ခရစ်သက္ကရာဇ် ၁၉၅၇၊ မတ်လတွင် စတင်ကာ ရွာအကွက်ရိုက်၍ တည်ထောင်ခဲ့သည်။[ကိုးကားချက်လိုသည်] ရွာအကွက်ရိုက်ရာတွင် လယ်ယာဝန်ကြီး သခင်စံမြင့်၊ နယ်သစ်မင်းကြီး ဦးစိန်ချော၊ နယ်သစ်အုပ်ချုပ်ရေးမှူး ဦးဝမော်၊မြေတိုင်းစာရေး ဦးညွန့်တို့က ဦးစီးဆောင်ရွက်ခဲ့သည်။ အိမ်ထောင်စု‌ ၄၁စုအား တစ်အိမ်ထောင်လျှင် လုပ်ကိုင်စားသောက်ရန် လယ်မြေ ဧက ၂၀ နှင့် .၇၅ဧကအကျယ်ရှိ အိမ်ခြံမြေကွက်များချပေးပြီး တရားဝင်လယ်လုပ်ကိုင်ခွင့်ပေးခဲ့သည်။ (လယ်ယာလုပ်ငန်းနှင့်လုပ်ငန်းပေါင်းစုံ သမဝါယမအသင်းလီမိတက်-အောင်နိုင်ရွာဟူ၍ ကဗျည်းတင်ကာ လယ်လုပ်ပိုင်ခွင့်ရကျေးရွာအဖြစ် အသိအမှတ်ပြုခဲ့သည်။ အစကနဦးမှာ အောင်နိုင်ရွာအမည်ဖြစ်သော်လည်း ကဝမြို့နယ် အရှေ့ခြမ်းတွင် အောင်နိုင်ရွာအမည်နှင့် ရွာတစ်ရွာရှိနှင့်နေခဲ့ပြီးဖြစ်သဖြင့် ၎င်းကို အောင်နိုင်ကြီးဟု ပြောင်းလဲခေါ်ဆိုကြကာ နောက်မှတည်သောအောင်နိုင်ရွာကို အောင်နိုင်လေးရွာဟု ပြောင်းလဲခေါ်ဆိုကြ‌ရာမှ အောင်နိုင်လေးရွာဟု အမည်တွင်လာရသည်။

သမဝါယမအသင်းမှ ရွာမြေသစ်များဖော်ဆောင်ပေးပြီး လယ်ယာမြေလုပ်ငန်းတိုးချဲ့ဆောင်ရွက်တဲ့စီမံကိန်းမှာ အောင်နိုင်လေးရွာ အပါအဝင် အသစ်တည်ထောင်ပေးတဲ့ ရွာများရဲ့အမည်တွေကို အောင်ဆုပန်၊ အောင်ပင်သာ၊အောင်သပြေ၊ အောင်နိုင်၊အောင်ခေမာ၊ အောင်မင်္ဂလာ၊ အောင်ကောင်းညွန့်၊ အောင်ဘုံကြီး၊ အောင်သစ္စာ၊ အောင်မြေ၊ အောင်သာ စသည်အမည်များပေးကာ ရွာသစ်များတည်ပေးခဲ့၏။

အောင်နိုင်လေးရွာတည်ကာစ အုပ်ချုပ်ချုပ်ရေးအဖွဲ့ဝင်များမှာ- 1-ဦးကျော်ဝင်း(ခ)ဦးစိန်ဝင်း -ဥက္ကဋ္ဌ (သက္ကလအသင်းရွာသား)

2-ဦးညွန့်‌သောင်-အတွင်းရေးမှူး (သက္ကလအသင်းရွာသား)

3-ဦးထွန်းအောင်ကျော်-အဖွဲ့ဝင်(သက္ကလအသင်းရွာသား)

4-ဦးသံချောင်း-။။(သက္ကလအသင်းရွာသား)

5-ဦးစံမြ-။။(ကံမြင့်ရွာသား)

6-ဦးစိန်ဒုံး -။။(ကံလှရွာသား)

7-ဦးမောင်ခင်-။။(ကံလှရွာသား) တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

အောင်နိုင်လေးရွာ ခေတ်အဆက်ဆက် အုပ်ချုပ်ရေးတာဝန်ယူခဲ့သူများမှာ-

၁။ ဦးကျော်ဝင်း(ခ)ဦးစိန်ဝင်း (1957)

၂။ ဦးပန်းခိုင်

၃။ ဦးစိန်းမောင်(၂ရွာအုပ်)

၄။ ဦးခင်မောင် (၂ရွာအုပ်)

၅။ ဦးညွန့်သောင်

၆။ ဦးမြဟန်

၇။ ဦးသောင်းမြင့်

၈။ ဦးသိန်းထွန်း(2014--)

၉။ ဦးကျော်မိုးလွင်

၁၀။ ဦးဝေလင်းကျော်(2021-)တို့ဖြစ်သည်။

ခေတ်အဆက်ဆက် ‌ရွာဦးကျောင်း ကျောင်းထိုင်ဆရာတော်များ-

၁။ဦးကေသရ(ကျောင်းဆရာဦးအုပ်)

၂။ဦးသောဘန(ရွှေသွားဆရာတော်)

၃။ဦးဣန္ဒောဘာသ(ဒေးဘောက်ရွာဇာတိ)

၄။ဦးပဏ္ဍိတ(သက္ကလအသင်းရွာဇာတိ)တို့ဖြစ်သည်။

ခေတ်အဆက်ဆက် ကျောင်းအုပ်ကြီးများ-

1-ပရဟိတကျောင်းဆရာ ဦးအုတ်

2-ဆရာမကြီး ဒေါ်သိန်းရှင်(ပျော်ဘွယ်)

3-ဆရာကြီး ဦးတိုးမောင်(သတ္ကလအသင်း)

4-ဆရာမကြီး ဒေါ်မြင့်မြင့်စန်း(မှော်ဘီ)

5-ဆရာမကြီး ဒေါ်ချိုချိုနိုင်(သက္ကလအသင်း)

6ဆရာမကြီး ဒေါ်ဝင်းပပ(တကောကနပ်)

7-ဆရာကြီး ဦးနေလင်းကျော်(အောင်နိုင်လေး)2014 တို့ဖြစ်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads