အေးချမ်းသာရွာ၊ ပုလဲမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

အေးချမ်းသာရွာ (အင်္ဂလိပ်: Ayechanthar)သည် စစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်ခရိုင်ပုလဲမြို့နယ်အေးချမ်းသာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၄၂၁၀ ဖြစ်သည်။ []

အချက်တိုများ အေးချမ်းသာ, အေးချမ်းသာရွာ ...
Remove ads

၂၀၂၁ ဖြစ်စဉ်

၂၀၂၁ ခု၊ စက်တင်ဘာလ ၁၄ ရက် မနက်ပိုင်းတွင် စစ်တပ်မှ ရွာသို့ဝင်ကာ ပစ်ခတ်သည်။ [] အသက် ၁၈ နှစ်အရွယ် ထွန်းမြင့်မှာ ရွာလမ်း၌ပင် ကျည်ထိ၍ မပြေးနိုင် ကျန်သည်တွင် ရိုက်နှက်သတ်ဖြတ်ခံရသည်။ အသက် ၁၃ နှစ်အရွယ် နေထက်ဦးမှာ ဆည်ဘက်သို့ ပြေးရာ ဆက်သွားရန် လမ်းမရှိတော့စဉ် ပစ်သတ်ခံရသည်။ ရွာအား မီးရှို့စဉ် အိမ်တလုံးတွင်ပုန်းနေသော အသက် ၂၆ နှစ်အရွယ် မင်းမင်းပါ မီးထဲပါ၏။ [] မြိုင်-ပုလဲ ပတ်ဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ လှုပ်ရှားနေသဖြင့် အနီးအနားရှိ အေးချမ်းသာ၊ ကျောက်ကုန်း၊ ပန်းတော်ပြင်၊ ဌေးအောင်၊ တောင်ရွာသစ် စသည်တို့ကို စစ်တပ်မှ တောခြောက်သည့်အခြေဖြင့် ရွာထဲဝင်၍ ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းတို့ ပြုရာ ရွာသားတို့ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads