ဧရာဝတီတံတား (ရတနာပုံ)

မြန်မာနိုင်ငံ၊ တံတား From Wikipedia, the free encyclopedia

ဧရာဝတီတံတား (ရတနာပုံ)
Remove ads

ဧရာဝတီတံတား (ရတနာပုံ) သည် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နှင့် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ တို့ကို ဆက်သွယ်ထားသော ဧရာဝတီမြစ်ကူးတံတား တစ်ခုဖြစ်သည်။ ယခင် အင်းဝတံတားဟောင်း၏ မြောက်ဘက်တွင် တည်ရှိသည်။ ဧရာဝတီတံတား (ရတနာပုံ)ကို ဧရာဝတီတံတား၊ ရတနာပုံတံတား၊ အင်းဝတံတားသစ် ဟူ၍လည်း ခေါ်ကြသည်။ ၂၀၀၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။

အချက်တိုများ ဧရာဝတီတံတား (ရတနာပုံ), ကိုဩဒိနိတ် ...
Remove ads

တည်နေရာ

ဧရာဝတီတံတား (ရတနာပုံ) သည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ နှစ်ခုအကြား၊ အင်းဝတံတား၏ မြောက်ဘက် ပေ ၂၀၀၀ ခန့်အကွာ ရေဆန်ပိုင်းတွင် တည်ရှိသည်။ မြစ်ငယ်မြစ်နှင့် ဧရာဝတီမြစ်ဆုံတွေ့သည့် နေရာနှင့် မနီးမဝေးတွင်လည်း ဖြစ်သည်။[]

သမိုင်းကြောင်း

၁၉၃၄ ခုနှစ်တွင် ဗြိတိသျှတို့ တည်ဆောက်ခဲ့သော ၃၉၄၈ ပေ အရှည်ရှိ အင်းဝတံတား သည် ၁၉၉၀ ခုနှစ်မတိုင်မီအထိ တစ်ခုတည်းသော ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်ခဲ့သည်။ သက်တမ်းကြာမြင့်လာမှုကြောင့် ၁၉၉၂ ခုနှစ်မှစ၍ ၁၅ တန်အောက် ကားများသာ ဖြတ်သန်းသွားလာနိုင်သည်။ ယင်းအတွက် ကုန်တင်ကားများမှာ ဇက်များဖြင့်သာ သွားလာရသောကြောင့် ကုန်စည်စီးဆင်းမှု နှေးကွေးခဲ့ရသည်။[]

ထို့ကြောင့် တံတားသစ်တည်ဆောက်ရန်အတွက် ၂၀၀၂ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ တံတားဒီဇိုင်းအတွက် တင်ဒါခေါ်ယူခဲ့ရာ တရုတ်နိုင်ငံမှ CAMC Engineering ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့သည်။ ၂၀၀၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် တင်ဒါတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀.၉ သန်းဖြင့် သဘောတူညီခဲ့သည်။[] ဧရာဝတီတံတား (ရတနာပုံ)အား ၂၀၀၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။[][]

Remove ads

တံတားအချက်အလက်များ

Thumb
ဧရာဝတီတံတား (ရတနာပုံ)
Thumb
ဧရာဝတီတံတား (ရတနာပုံ)

ဧရာဝတီတံတား (ရတနာပုံ)ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တည်ဆောက်ခဲ့သည်။ တံတားအရှည် စုစုပေါင်းမှာ ၅၆၁၄ ပေ (၁၇၁၁ မီတာ)ရှိပြီး ၄၉ ပေ (၁၅ မီတာ) အကျယ်ရှိ လေးလမ်းသွား ကားလမ်းနှင့် ဘေးနှစ်ဖက်တွင် ၆ ပေ (၁.၈ မီတာ) အကျယ်ရှိ လူသွားလမ်းတစ်ခုစီ ပါဝင်သည်။ တံတားခံနိုင်ရည်ဝန်အားမှာ တန် ၆၀ ဖြစ်သည်။[] တံတားတွင် ၂၂၄ မီတာစီကျယ်သော တံတားအခုံး ၃ ခုပါရှိသည်။[] ပင်မတံတားအရှည်မှာ ၃၆၄၉ ပေ (၁၁၂၆ မီတာ) ဖြစ်သည်။ မန္တလေးဖက်ခြမ်း ချဉ်းကပ်တံတားအရှည်မှာ ၁၁၄၀ ပေ (၃၅၀ မီတာ) ဖြစ်ပြီး စစ်ကိုင်းဖက်ခြမ်း ချဉ်းကပ်တံတားအရှည်မှာ ၇၇၈ ပေ (၂၄၀ မီတာ) ဖြစ်သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads