၁၉၅၄ အာရှ အားကစားပြိုင်ပွဲ

From Wikipedia, the free encyclopedia

Remove ads

၁၉၅၄ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1954 Asian Games) သည် ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ ၌ ၁၉၅၄ခုနှစ် မေလ ၁ရက်နေ့မှ ၉ရက်နေ့အထိ ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတ ရာမွန် မက်ဆေးဆေး မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

အချက်တိုများ ကျင်းပရာမြို့, ဆောင်ပုဒ် ...

နိုင်ငံ (၁၈)နိုင်ငံမှ အားကစားသမား (၉၇၀)ဦးတို့သည် အားကစားနည်း (၈)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ရီဇယ်အထိမ်းအမှတ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံဖိလစ်ပိုင်နိုင်ငံကိုရီးယားသမ္မတနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။[]

Remove ads

ပွဲများနှင့်အားကစား

ဖွင့်ပွဲအခမ်းအနား

၁၉၅၄ အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၁၉၅၄ခုနှစ် မေလ ၁ရက်နေ့တွင် မနီလာမြို့ရှိ ရီဇယ်အထိမ်းအမှတ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ပရိသတ် (၂၀,၀၀၀) တက်ရောက်ခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတ မက်ဆေးဆေးက အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

ပါဝင်သော အားကစားနည်းများ

  • ရေပိုင်းဆိုင်ရာအားကစားနည်းများ
    • ဒိုင်ဗင်
    • ရေကူး
    • ဝါတာပိုလို
  • ပြေးခုန်ပစ်
  • ဘတ်စကက်ဘော
  • လက်ဝှေ့
  • ဘောလုံး
  • သေနတ်ပစ်
  • အလေးမ
  • နပန်း

ပါဝင်သည့်နိုင်ငံများ

Thumb
ပါဝင်သည့်နိုင်ငံများ (အပြာ)
နောက်ထပ် အချက်အလက်များ IOC, နိုင်ငံ ...

ဧည့်သည်​တော်များသာ ​စေလွှတ်ခဲ့သည့် နိုင်ငံများ

ဆုတံဆိပ်ဇယား

Key

  *   အိမ်ရှင်

နောက်ထပ် အချက်အလက်များ အဆင့်, NOC ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads