၂၀၁၇ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
Remove ads
၂၀၁၇ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသော နဝမအကြိမ် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဖြစ်သည်။ မလေးရှားနိုင်ငံအနေဖြင့် တတိယအကြိမ်မြောက် လက်ခံကျင်းပခြင်းဖြစ်ပြီး ၂၀၁၇ကွာလာလမ်ပူဆီးဂိမ်းအပြီး ၁၇ ရက် အကြာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံမှ အားကစားသမား ၁၄၅၂ ဦးမှ အားကစားနည်း ၁၆ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ပထမ၊ ဒုတိယနှင့် တတိယရရှိခဲ့သည်။
Remove ads
လက်ခံကျင်းပခြင်း
အစဉ်အလာအရ ပါရာဂိမ်းကို ဆီးဂိမ်းအပြီးမှ ကျင်းပရသည်။
၂၀၁၂ ဇူလိုင်တွင် မြန်မာနိုင်ငံ၌ ကျင်းပသည့် SEAGFအစည်းအဝေးတွင် မလေးရှားမှ၂၀၁၇ဆီးဂိမ်းကို လက်ခံကျင်းပမည်ဟု ကြေညာခဲ့သည်။ OCM အတွင်းရေးမှူးမှ ပြောရာတွင် မြန်မာက ၂၀၁၃၊ စင်ကာပူက ၂၀၁၅၊ ထို့နောက် ၂၀၁၇မှာ ဘရူနိုင်း၏ အလှည့်ဖြစ်သည်။ သို့သော် ဘရူနိုင်းက ၂၀၁၉ပွဲတော်ကိုသာ လက်ခံကျင်းပရန် ဆန္ဒရှိသည့်အတွက် မလေးရှားက ၂၀၁၇ ပွဲတော်များကိုသာ လက်ခံကျင်းပခဲ့သည်။
၂၀၁၆ ဇွန်လ ၇ ရက်နေ့တွင် ကျင်းပသည့် အာဆီယံမသန်စွမ်းအားကစားအဖွဲ့ချုပ်၏ ဘုတ်အဖွဲ့အစည်းအဝေးတွင် မလေးရှားမှ ဆီးဂိမ်းနှင့် ပါရာဂိမ်း ၂ ခုလုံးကို တစ်ပြိုင်နက်ကျင်းပရန် တင်ပြလာခဲ့သော်လည်း လာအိုနှင့်မလေးရှားမှအပ ကျန် ၉ နိုင်ငံမှ ကန့်ကွက်ခဲ့သည်။ ထို့ကြောင့် ပါရာဂိမ်းကို စက်တင်ဘာလသို့ ပြောင်းခဲ့သည်။[၁]
မလေးရှား ဆီးဂိမ်းကျင်းပရေး ဦးစီးကော်မတီကို ၂၀၁၇ ပါရာဂိမ်းအတွက် ၂၀၁၅ ခုနှစ်က ဖွဲ့စည်းခဲ့သည်။
ကွင်းများ
၂၀၁၇ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို နေရာ ၁၇ နေရာတွင် ကျင်းပခဲ့သည်။
Remove ads
ပြိုင်ပွဲအထိမ်းအမှတ်များ
အထိမ်းအမှတ်တံဆိပ်
၂၀၁၇ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ဝါအူ ဘူလန် (Wau Bulan) ဟုခေါ်သော မလေးရှားကျွန်းဆွယ်၏ အရှေ့ပိုင်းကမ်းရိုးတန်းတစ်လျှောက်တွင် လူသိများသော လခြမ်းပုံသဏ္ဌာန် စွန်ပုံ ဖြစ်သည်။ လိုဂို၏ အရောင်များနှင့် အစင်းများသည် အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံ၏ အလံများ၏ အရောင်များကို ယူ၍ ပြုလုပ်ထားခြင်းဖြစ်သည်။ [၂] ကွာလာလမ်ပူ ၂၀၁၇ လိုဂိုသည် ၂၀၁၇ ဆီးဂိမ်းအတွက်လည်း အတူတူပင် အသုံးပြုခဲ့သည်။

လာဘ်ကောင်
၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ လာဘ်ကောင်ရုပ်မှာ မလေးရှားကျားပုံဖြစ်ပြီး Rimau ဟု အမည်ရသည်။ လာဘ်ကောင်ရုပ်၏အမည်မှာ မလေးရှားဘာသာဖြင့် ကျားဟု အဓိပ္ပာယ်ရရုံသာမက သူ၏ စကားလုံးတစ်လုံးသည်လည်း အဓိပ္ပာယ်တစ်မျိုးစီရရှိပြီး Respect(အပြန်အလှန်လေးစားမှု)၊ Integrity(တည်ကြည်မှု)၊ Move(လှုပ်ရှားမှု)၊ Attitude(စိတ်ထား)၊ Unity(ညီညွတ်မှု) ဟူ၍ ဖြစ်သည်။ သူသည် ယဉ်ကျေးပျူငှာခြင်း၊ ဖော်ရွေရင်းနှီးခြင်း၊ ယှဉ်ပြိုင်လိုစိတ်နှင့် ကျန်းမာကြံ့ခိုင်သော အားကစားသမားများအဖြစ် ဖော်ဆောင်သည်။[၃]

Remove ads
ပွဲများနှင့်အားကစား
ဖွင့်ပွဲ
၂၀၁၇ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲကို စက်တင်ဘာ ၁၇ ရက်နေ့ ည ၈:၁၇ က ဘူကစ်ဂျာလီအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ည ၈:၁၇ (၂၀:၁၇ PM) ကို ရွေးချယ်ရခြင်းမှာ 2017 ခုနှစ်အတွက် ဖြစ်သည်။ ဝန်ကြီးချုပ် နာဂျစ်က ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

ပိတ်ပွဲ
၂၀၁၇ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ ပိတ်ပွဲကို စက်တင်ဘာ ၂၃ ရက်နေ့ ည ၈:၃၀ တွင် ဘူကစ်ဂျာလီအားကစားကွင်း၌ ကျင်းပခဲ့သည်။ ထို့နောက် ၂၀၁၉ ပွဲတော်ကျင်းပမည့် ဖိလစ်ပိုင်နိုင်ငံကို အားကစားရေးရာများလွဲပြောင်းပေးခဲ့သည်။
ပါဝင်သောနိုင်ငံများ
ဘရူနိုင်း (၂၇)
ကမ္ဘောဒီးယား (၇၅)
အင်ဒိုနီးရှား (၁၉၂)
လာအို (၅၀)
မလေးရှား (၃၃၁)
မြန်မာ (၁၂၀)
ဖိလစ်ပိုင် (၁၁၅)
စင်ကာပူ (၉၂)
ထိုင်း (၂၉၁)
အရှေ့တီမော (၁၄)
ဗီယက်နမ် (၁၅၀)
အားကစားနည်းများ
- မြှားပစ်
- ပြေးခုန်ပစ်
- ကြက်တောင်ရိုက်
- ဘော့စီးယား
- ဘိုလင်း
- စစ်တုရင်
- စက်ဘီးစီး
- လမ်းချော
- လမ်းကြမ်း
- ဘောလုံး(၇ယောက်)
- ဘောလုံး(၅ယောက်)
- မျက်မမြင်ဘောလုံး
- အလေးမ
- အထိုင်ဘောလီဘော
- ရေကူး
- စားပွဲတင်တင်းနစ်
- ဝှီးချဲ ဘတ်စကတ်ဘော
- ဝှီးချဲ တင်းနစ်
ဆုတံဆိပ်ဇယား
၂၀၁၇ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၆၉ ခု၊ ငွေတံဆိပ် ၃၆၂ ခု၊ ကြေးတံဆိပ် ၃၇၄ ခု၊ စုစုပေါင်းဆုတံဆိပ် ၁၁၀၅ ခု ချီးမြှင့်နိုင်ခဲ့သည်။ အရှေ့တီမောနိုင်ငံအနေဖြင့် ၎င်း၏ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲပထမဆုံး ရွှေတံဆိပ်ကို ရရှိခဲ့သည်။
- Key
* အိမ်ရှင်နိုင်ငံ
ဆက်စပ်ကြည့်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads