ကျွန်းဆွယ်
မြေမျက်နှာသွင်ပြင် / From Wikipedia, the free encyclopedia
ကျွန်းဆွယ် (အင်္ဂလိပ်: Peninsula) (လက်တင်စကားလုံးမှ ဆင်းသတ်လာပီး paene က "almost" ဟုအဓိပ္ပာယ်ရပြီး insula ကတော့ "island(ကျွန်း)" ဟုအဓိပ္ပာယ်ရသည်။ ကျွန်းဆွယ်ဆိုသည်မှာ ကုန်းမြေ၏ တစိတ်တပိုင်းဖြစ်ပြီး ဘေးမျက်နှာပြင်သုံးဖက်၌ ရေများဝန်းရံထားပြီး ကျန်တဖက်မှာ ကုန်းမြေနှင့် ဆက်စပ်တည်ရှိနေသည်။ ကမ္ဘာ့ အကြီးဆုံးကျွန်းဆွယ်မှာ အာရေဗျကျွန်းဆွယ် (Arabian Peninsula) ဟုခေါ်ပြီး ၁ မီလီယံစတုရန်းမိုင်ကျော် ကျယ်ဝန်းပြီး ယီမင်နိုင်ငံ၊ အိုမန်နိုင်ငံ၊ကာတာနိုင်ငံ၊ ဘာရိန်းနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ နှင့် ဂျော်ဒန်နိုင်ငံနှင့်အီရတ်နိုင်ငံ၏ တစ်စိတ်တပိုင်းတည်ရှိသည်။ အာရှတိုက်၏ အရေးပါသောကျွန်းဆွယ်မှာ ကိုရီးယားကျွန်းဆွယ်နှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံသည် အင်ဒိုချိုင်နားကျွန်းဆွယ်ပေါ်တွင်တည်ရှိသည်။