From Wikipedia, the free encyclopedia
ခြေလေးချောင်း သတ္တဝါ (ဂရိ: τετρα- တက်ထရာ = 'လေးခု'၊ နှင့် πούς ပေါင့်စ် = 'ခြေချောင်း') ဟူ၍ ဂရိဘာသာစကား တက်ထရာပေါင့်စ် မှ အဓိပ္ပါယ်ပြန်ဆိုထားသော သတ္တဝါအစုအဖွဲ့တစ်ခု၏ အမည်နာမဖြစ်ပြီး ၎င်းတို့သည် ကျောရိုးရှိ tetrapodomorph ကုန်းနေ တိရစ္ဆာန်များဖြစ်သည်။ ခြေလေးချောင်း သတ္တဝါ ယေဘူယျ သတ်မှတ်မှုမှာ ခြေထောက် လေးခု နှင့် ခြေဖဝါး ဖြစ်သည်။ မျိုးကို ၎င်းတိရစ္ဆာန်များ၏ ရွေ့လျားသွားလာပုံသည် လေးဘက်ယက် ပုံစံ ဖြစ်သည်။ ကုန်းနေသတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ဒိုင်နိုဆောများ၊ ငှက်များ နှင့် နို့တိုက်သတ္တဝါများ အားလုံးသည် ခြေလေးချောင်း သတ္တဝါများ ဖြစ်ကြသည်။ မြွေများသည် ထင်ရှားသော ခြေလက်အင်္ဂါများ မရှိသော်လည်း ခြေလေးချောင်း တိရစ္ဆာန်များမှ ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်သောကြောင့် ခြေလေးချောင်း သတ္တဝါများပင် ဖြစ်လေသည်။
ခြေလေးချောင်း သတ္တဝါ | |
---|---|
Clockwise from top left: Mercurana myristicapaulstris, a shrub frog; Dermophis mexicanus, a legless amphibian; Equus quagga, a plains zebra; Sterna maxima, a tern (seabird); Pseudotrapelus sinaitus, a Sinai agama; Tachyglossus aculeatus, a short-beaked echidna | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
Clade: | Eotetrapodiformes |
Clade: | Elpistostegalia |
Clade: | Stegocephalia |
Superclass: | Tetrapoda Jaekel, 1909[2] |
Subgroups | |
|
ရှင်းလင်းထင်ရှားသော ခြေလေးချောင်း သတ္တဝါ ကျောက်ဖြစ်ရုပ်ကြွင်း၏ သက်တမ်းသည် ၎င်းမတိုင်မီ တွေ့ရှိမှတ်တမ်းတင်ခဲ့သော ခြေလေးချောင်း ရုပ်ကြွင်း၏ ခန့်မှန်းသက်တမ်းထက် နှစ်သန်းပေါင်း ၁၈ သန်း ပို၍စောသော Devonian အလယ်ခေတ်မှ ဖြစ်နေသေကို ခြေရာခံဆန်းစစ်တွေ့ရှိခဲ့ရသည်။ [3] ၎င်းခြေရာခံချက်များအရ လွန်ခဲ့သောနှစ်သန်းပေါင်း ၄၀၀ နီးပါးက ပိုလန်နိုင်ငံဒေသ၏ အလယ်ခေတ်မှ ဖြစ်သည်ကို ထပ်မံသိရှိခဲ့ရသည်။ ၎င်း နောက်ကျန် သဲလွန်စများသည် အပူပိုင်းဒေသ ကမ်းဦးရေတိမ်ပိုင်း ပင်လယ်ကမ်းခြေ တစ်ခု၏ ရွှံ့နွံများ၌ ကြွင်းကျန်ရစ်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်ကာလရှိ တိရစ္ဆာန်များတွင် tetrapod မှလွဲ၍ မည်သည့် တိရစ္ဆာန်မျှ ခြေရာကျန်ရစ်ခြင်း မရှိနိုင်သေးပေ။ တွေ့ရှိချက်များအရ ခြေလက်များအဖြစ် ပုံစံပြောင်းလဲလာသည့် တိရစ္ဆာန်များမှာ ကုန်းနေရေနေများ မဟုတ်ဘဲ ငါးများ ဖြစ်ကြောင်း သက်သေ အခိုင်အမာထောက်ပြနေသည်။
ခြေလေးချောင်း သတ္တဝါ မျိုးတူအုပ်စုများအား Devonian ခေတ်၏ ငါး (တိရစ္ဆာန်)အုပ်စုမှ ခွဲထုတ်ထားသည်။ Amniotes များသည် ကလိုင်းဒွိုက် ဥ အစောဆုံး ဥသော တိရစ္ဆာန်များဖြစ်သည်။ အဆိုပါ Synapsids (> နို့တိုက်သတ္တဝါများ)နှင့် Sauropsids (> တွားသွား) တို့သည် သီးခြားမျိုးရိုး ညီအစ်မအုပ်စုများ ဖြစ်ကြပြီး ပို၍အရေးပါသည့် ကိစ္စမှာ တွားသွားသတ္တဝါများသည် နို့တိုက်သတ္တဝါ အဖြစ် ပြောင်းလဲမှု စတင်မလာခဲ့ခြင်း ဖြစ်သည်။
| |||||||||||||||||||||||||||||||||||||||||||
Synapsid–Mammal ပြောင်းလဲမှုတွင် သွေးနွေးသတ္တဝါများသည် တထောင့်တနေရာမှ ပါဝင်လာသည်။
? ၎င်းအမှတ်သင်္ကေတ နေရာများမှ တစ်ခုတစ်ခုတွင် သွေးနွေးသတ္တဝါများ အတိအကျပါဝင်သည် – (ဆင်ကဲ့ပြောင်းလဲမှု ပြောင်းပြန်ဖြစ်စဉ်၏ သာဓကတစ်ခု)
ရှင်သန်နေဆဲ ခြေလေးချောင်း သတ္တဝါများတွင် အဓိကကျသော အုပ်စု("အထွဋ်အထိပ် အုပ်စု") သုံးခုရှိသည်။ အုပ်စုတစ်ခုစီတွင် မျိုးသုဉ်းနိုင်သော အုပ်စုများစွာ ပါဝင်သည်-
မြွေများနှင့် အခြား ခြေလက်မပါရှိသော တွားသွားသတ္တဝါများသည်လည်း ခြေလက်လေးချောင်းသတ္တဝါများပင်ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတိရစ္ဆာန်များသည်လည်း ဘုံ တူညီသော ဘိုးဘေးဘီဘင်များမှနေ၍ ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ထိုအချက်သည် Caecilians နှင့် ရေနေ နို့တိုက်သတ္တဝါများအတွက်လည်း မှန်ကန်နေလေသည်။
ခြေလေးချောင်း သတ္တဝါ ပါဏဗေဒအလို အရ ဇီဝမျိုးရိုး တစိတ်တပိုင်း ခွဲခြမ်းစိတ်ဖြာခြင်း -
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.