စကြဝဠာ
ဂြိုဟ်များ၊ ဂလက်ဆီများ၊ အလင်းနှင့်မိမိတို့အပါဝင် စွမ်းအင်၊ အာကာသအချိန်တို့ပါဝင်သော အာကာသ / From Wikipedia, the free encyclopedia
ဤဆောင်းပါးသည် ရှေးကျမ်းဂန်လာ ဝေါဟာရ အကြောင်း ဖြစ်သည်။ သိပ္ပံဘာသာရပ်ဆိုင်ရာ Universe အတွက် ခပ်သိမ်းလောက ကို ကြည့်ပါ။
ရှေးအိန္ဒိယ နက္ခတ်ဗေဒလာစကြဝဠာ (Pāli: Cakkavāḷa चक्कवाळ ; Thai: จักรวาล or จกฺกวาฬ) ဆိုသည်မှာ နေတစ်စင်း၊ လတစ်စင်း၊ ကျွန်းကြီးလေးကျွန်းနှင့် သမုဒ္ဒဒရာကြီး လေးစင်း ပါဝင်သည် ဆိုသော် အချင်းအကျယ် ယူဇနာပေါင်း 1,203,450 ရှိသည့် ရပ်ဝန်းပမာဏ ဖြစ်သည်။[1][2] တစ်ယူဇနာလျှင် အများဆုံးအားဖြင့် 15 km ရှိသည်[3][4] ဟု အကိုးအကားယူလျှင် စကြဝဠာ၏ အကျယ်အလျားမှာ ကီလိုမီတာပေါင်း ၁၈ သန်းခန့် ဖြစ်သည်။
နေနှင့်ကမ္ဘာဂြိုဟ်ကြားရှိ အကွာအဝေးမှာ ပျမ်းမျှအားဖြင့် ကီလိုမီတာပေါင်း သန်း ၁၅၀ ဝန်းကျင် ဖြစ်သည်။[5] ထို့နောက် အင်္ဂလိပ်တို့ ရူပဗေဒ၌ သုံးနှုန်းသော Universe ၏ သတ်မှတ်ချက်မှာမူ ခပ်သိမ်းသော အာကာသ၊ အချိန် တို့နှင့်တကွ ၎င်းတို့အတွင်း ရှိသမျှသော ဒြပ်-စွမ်းအင်တို့ ဖြစ်လေရာ ခပ်သိမ်းလောကကို ဆိုလိုသည်။[6]