From Wikipedia, the free encyclopedia
ဆလမန္ဒာကောင် (Salamander) သည် ပုံသဏ္ဌာန်အားဖြင့် အိမ်မြှောင်နှင့် တူသည်။ ခြေလေးချောင်းရှိ၍ အမြီးရှည်သည်။ ဖား၊ ရေပုတ်သင်တို့နှင့် အမျိုးနီးစပ်၏။ ရေကိုနှစ်သက်သော သတ္တဝါမျိုး ဖြစ်သည်။ များသောအားဖြင့် အရွယ်ငယ်၏။ သို့ရာတွင် ဂျပန်နိုင်ငံ၌ ၅ ပေ ရှည်သော ဆလမန္ဒာကောင်မျိုး ရှိသည်။ ဆလမန္ဒာကောင်သည် ကြောက်တတ်၏။ ဖြည်းညှင်းစွာ ကိုင်တွယ်လျှင် ဘာမျှပြန်၍ မလုပ်တတ်ပေ။ သို့သော် ကြမ်း ကြမ်းတမ်းတမ်း ကိုင်တွယ်လျှင် အရေခွံမှ အဆိပ်ပါသည့် အဖြူရည်ကို ပက်ထုတ်တတ် သည်။ ဆလမန္ဒာအမသည် အိုင်ထဲ၊ စမ်းထဲသို့ ဥများကို အုချသည်။ ရက်သတ္တစ်ပတ် ၂ ပတ်မှ ၄ ပတ်အတွင် ဥများမှ အကောင်ကလေးများ ပေါက် လာကြသည်။ ဆလမန္ဒာကောင်ကလေးသည် ပါးဟက်ဖြင့် အသက်ရှူသည်။ ခြေလေးချောင်းရှိ၏။ သို့သော် ငယ်ရွယ်စဉ် ရေထဲ၌ပင် ငါးကဲ့သို့နေသည်။ ကြီးပြင်းလာသောအခါမှ ကုန်း ပေါ်၌နေသည်။ အကွက်အပြောက်များရှိသော ဆလမန္ဒာကောင်မျိုးကို ဥရောပတိုက်၊ အမေရိကတိုက်၊ အာရှမိုင်းနား နယ်တို့တွင် တွေ့ရသည်။[2]
ဆလမန္ဒာကောင် (Salamander) | |
---|---|
Spotted salamander, Ambystoma maculatum | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Amphibia |
Clade: | Caudata |
မျိုးစဉ်: | Urodela Duméril, 1806 |
မျိုးစဉ်ခွဲများ | |
Native distribution of salamanders (in green) |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.