ပြည်ထောင်စုတော်လှန်ရေးကောင်စီအဖွဲ့၊ (အင်္ဂလိပ်: Union Revolutionary Council၊ အတိုကောက် URC) တော်လှန်ရေးကောင်စီ သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည် မြန်မာနိုင်ငံ၏ အမြင့်ဆုံး အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်ပြီး ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဦးနု၏ အရပ်သားအစိုးရထံမှ အာဏာသိမ်းခဲ့ကာ ၁၉၇၄ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ၁၉၇၄ ခုနှစ် မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထုတ်ပြန်ကြေညာချိန်အထိ အုပ်ချုပ်ခဲ့သည်။ ထို့နောက် အုပ်ချုပ်ရေးအာဏာကို တစ်ခုတည်းသော ဥပဒေပြုလွှတ်တော်ဖြစ်သည့် ပြည်သူ့လွှတ်တော်သို့ လွှဲပြောင်းပေးခဲ့သည်။[1][2]

အချက်တိုများ အတိုကောက်, ဆက်ခံသည့် အဖွဲ့အစည်း ...
ပြည်ထောင်စုတော်လှန်ရေးကောင်စီအဖွဲ့
Union Revolutionary Council
အတိုကောက်URC၊ RC
ဆက်ခံသည့် အဖွဲ့အစည်းပြည်သူ့လွှတ်တော်နိုင်ငံတော်ကောင်စီ
ဖွဲ့စည်းခြင်း၂ မတ် ၁၉၆၂
ပြိုကွဲချိန်၃ မတ် ၁၉၇၄
အမျိုးအစားစစ်တပ်
ဦးတည်ချက်ဆိုရှယ်လစ်စနစ်တည်ဆောက်ခြင်း
ဌာနချုပ်ရန်ကုန်
တည်နေရာ
ဥက္ကဋ္ဌ
ဦးနေဝင်း
ပိတ်ရန်

တော်လှန်ရေးကောင်စီ၏ ခံယူချက်သည် ၁၉၆၂ ခုနှစ် ဧပြီ ၃၀ ရက်တွင် ချမှတ်ခဲ့သော မြန်မာနိုင်ငံအား ဆိုရှယ်လစ် ဒီမိုကရက်တစ်စနစ် ပြောင်းလဲရန် ရည်ရွယ်သော မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို အခြေခံသည်။[2] ၁၉၆၂ ခုနှစ် ဇူလိုင် ၄ ရက်နေ့တွင် တော်လှန်ရေးကောင်စီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို တည်ထောင်ခဲ့သည်။[3] ၁၉၆၂ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ မဆလသည် တော်လှန်ရေးကောင်စီ၏ အမာခံအဖွဲ့ဝင်များအပါအဝင် အမြုတေအဖွဲ့ဝင်များအား ပါတီဝင်အဖြစ် ပြောင်းလဲခဲ့သည်။[3] ပါတီ၏ ပထမအကြိမ် ညီလာခံတွင် ပါတီဝင်ပေါင်း ၃၄၄,၂၂၆ ဦး ရှိခဲ့သည်။[3] ၁၉၈၁ ခုနှစ်တွင် မဆလပါတီဝင်ဦးရေမှာ ၁.၅ သန်းအထိ ရှိခဲ့သည်။[3]

ဦးဆောင်မှု

ပြည်ထောင်စုတော်လှန်ရေးကောင်စီအဖွဲ့ကို ဥက္ကဋ္ဌဖြစ်သူ ဦးနေဝင်းနှင့် အဖွဲ့ဝင် ၁၆ ဦးမှ ဦးဆောင်သည်။[4] တော်လှန်ရေးကောင်စီအဖွဲ့ တည်ထောင်သူ အဖွဲ့ဝင်များအားလုံးသည် တပ်မတော်အရာရှိများ ဖြစ်ကြပြီး ယင်းတို့မှာ[1][5][6][7]

  1. ဗိုလ်ချုပ်ကြီး နေဝင်း BC-3502) (‌စစ်ဦးစီးချုပ်)
  2. ဗိုလ်မှူးချုပ် အောင်ကြီး BC-5458 (ဒုတိယစစ်ဦးစီးချုပ်) (ကြည်း)
  3. ဗိုလ်မှူးချုပ် သန်းဖေ (ဒုတိယစစ်ဦးစီးချုပ်) (ရေ) (၁၉၆၂ တွင် ကွယ်လွန်)
  4. ဗိုလ်မှူးချုပ် တော်မီကလစ် (Thomas "Tommy" Cliff) (ဒုတိယစစ်ဦးစီးချုပ်) (လေ) (၁၉၆၄ တွင် နုတ်ထွက်)
  5. ဗိုလ်မှူးချုပ် တင်ဖေ BC-3508 (စစ်ထောက်ချုပ်) (၁၉၇၀ တွင် နုတ်ထွက်)
  6. ဗိုလ်မှူးကြီး သန်းစိန် BC-3574 (Colonel-General Staff)
  7. ဗိုလ်မှူးကြီး ကျော်စိုး (၁၉၇၄ တွင် အငြိမ်းစားယူ) BC-3526 (စစ်ရာထူးခန့်ချုပ်)
  8. ဗိုလ်မှူးကြီး ချစ်မြိုင် (၁၉၆၄ တွင် အနားပေး) BC-3520 (ဒုတိယစစ်ထောက်ချုပ်)
  9. ဗိုလ်မှူးကြီး ခင်ညို (၁၉၆၅ တွင် အနားပေး) BC-3537 (တပ်မတော်လေ့ကျင့်ရေးညွှန်ကြားရေးမှူးချုပ်)
  10. ဗိုလ်မှူးကြီး လှဟန် (ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးချုပ်)
  11. ဗိုလ်မှူးချုပ် စန်းယု BC-3569 (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး)
  12. ဗိုလ်မှူးချုပ် စိန်ဝင်း BC-3525 (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး)
  13. ဗိုလ်မှူးကြီး သောင်းကြည် BC-3523 (အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး)
  14. ဗိုလ်မှူးကြီး ကြည်မောင် (၁၉၆၃ တွင် ထုတ်ပယ်) BC-3516 (အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး)
  15. ဗိုလ်မှူးကြီး မောင်ရွှေ (၁၉၇၂ တွင် နုတ်ထွက်) BC-3575 (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး)
  16. ဗိုလ်မှူးကြီး စောမြင့် (၁၉၆၄ တွင် ထုတ်ပယ်) BC-3518 (Administrator of Border Regions) (နယ်ခြားဒေသအရာရှိချုပ်)
  17. ဗိုလ်မှူးကြီး တန်ယုဆိုင် (၁၉၆၈ တွင် နုတ်ထွက်) BC-5090 (Vice-Commissioner of General of People's Police) (ဒုတိယရဲမင်းကြီးချုပ်)

ဆက်စပ်ဖတ်ရန်

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.