မြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)
မြန်မာနိုင်ငံရေးသမားနှင့် စစ်မှုထမ်းဟောင်း / From Wikipedia, the free encyclopedia
ဦးမြင့်ဆွေ (၂၄ ဇွန် ၁၉၅၁ မွေးဖွား[1]) သည် မြန်မာနိုင်ငံသား မွန်လူမျိုး တပ်မတော်အရာရှိဟောင်း တစ်ဦးဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရသူ ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ၂၀၁၁ မတ်လ ၃၀ ရက်မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။[2][3]၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် သမ္မတဦးထင်ကျော် နုတ်ထွက်ပြီးနောက် ယာယီသမ္မတအဖြစ် မတ်လ ၂၁ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။
ဦးမြင့်ဆွေ | |
---|---|
မြန်မာနိုင်ငံ၏ သမ္မတ (ယာယီ) | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ | မင်းအောင်လှိုင် |
ယှဉ်ပြိုင်ဖက်(များ) | ဦးဒူဝါလရှီးလ |
ယခင်လူ | ဦးဝင်းမြင့် |
တာဝန်သက်တမ်း ၂၁ မတ် ၂၀၁၈ – ၃၀ မတ် ၂၀၁၈ | |
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် | ဒေါ်အောင်ဆန်းစုကြည် |
ယခင်လူ | ဦးထင်ကျော် |
ဆက်ခံသူ | ဦးဝင်းမြင့် |
တတိယမြောက် ဒုတိယသမ္မတ ၁ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃၀ မတ် ၂၀၁၆ | |
သမ္မတ | ဦးထင်ကျော် ဦးဝင်းမြင့် |
ယခင်လူ | ဒေါက်တာစိုင်းမောက်ခမ်း |
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | ဦးဖြိုးမင်းသိန်း |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1951-06-24) ၂၄ ဇွန်၊ ၁၉၅၁ (အသက် ၇၂) မန္တလေးမြို့၊ မြန်မာနိုင်ငံ |
နိုင်ငံသား | မြန်မာ |
လူမျိုး | မွန် |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
ကြင်ဖော်(များ) | ဒေါ်ခင်သက်ဌေး |
သားသမီး | ခင်သက်ထားဆွေ ကျော်ဘုန်းမြင့် |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
စစ်မှုထမ်းခြင်း | |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
ရာထူး | ဒုတိယ ဗိုလ်ချုပ်ကြီး |
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းခဲ့ပြီးနောက် ဦးမြင့်ဆွေက မည်သူကမှ အတည်ပြုခန့်အပ်ခြင်းမရှိဘဲ ယာယီသမ္မတအဖြစ် ဆောင်ရွက်ပြီး ထို့နောက်တွင် နိုင်ငံတော် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာတို့အား ယင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လွှဲအပ်ခဲ့သည်။[4]