ကချင်လွတ်မြောက်ရေးတပ်မတော်
မြန်မာနိုင်ငံ၏တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ From Wikipedia, the free encyclopedia
Remove ads
ကချင်လွတ်မြောက်ရေး တပ်မတော် (အင်္ဂလိပ်: Kachin Independence Army; ကချင်: ShangLawt Hpyen; အတိုကောက် KIA)သည် ကချင်လွတ်လပ်ရေးအဖွဲ့၊ တပ်မတော် (KIO) အဖွဲ့၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ ၁၉၆၁-ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၄-ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။
အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ (KIA) ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ၂၀၁၁-ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ခြင်း ဖြစ်သည်။ စစ်ဦးစီးချုပ်မှာ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ဖြစ်သည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ၁၉၆၁ ဖေဖော်ဝါရီ ၅ရက်တွင် ရှမ်းပြည်မြောက်ပိုင်း တွင် စတည်ဖွဲ့စည်းခဲ့ပြီး ဌာနချုပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်း တွင်ထားရှိခဲ့သည်။ ပထမဆုံး (KIA) စစ်ဦးစီးချုပ်မှာ လထော်ဇော်ဆိုင်း ဖြစ်သည်။ ၁၉၇၀ အစောပိုင်း ကာလများ၌ (KIA) သည် ဗကပ၊ မဆလ များနှင့်ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။ နောက်ပိုင်းတွင် ဗကပနှင့် မဟာမိတ်ဖွဲ့ပြီး တရုတ်ပြည် ကွန်မြူနစ်ထံမှ လက်နက်အကူအညီ ရယူကာ တပ်မတော်အား တိုက်ခိုက်ခဲ့ကြသည်။ ၁၉၉၄တွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲပြီးနောက် ဒေသတွင်း ဖွံဖြိုးရေးများ၊ မူယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ဆင်ရေးများ ပြုလုပ်ခဲ့ကြသည်။ ၂၀၀၉ခုနှစ်တွင် အစိုးရ၏ လက်နက်ကိုင်များ နယ်ခြါးစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းခြင်းတွင် သဘောတူညီမှု မရခဲ့ပေ။ ထိုစဉ်မှ စစ်ရေး တင်းမာမှုများ ရှိခဲ့ကြပြီး ၂၀၁၁တွင် ၁၇နှစ်ကြာ အပစ်ခတ်ရပ်စဲရေး မှာ ပျက်သုန်းခဲ့ပြီး ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။
Remove ads
၂၀၁၅-၂၀၂၀ခူနှစ်အတွင်းအခြေအနေ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် (၂၀၁၅-၂၀၂၀) ခုနစ်အတွင်းစစ်တပ်နှင့် (KIA) တို့ထိတွေ့တိုက်ပွဲတစ်ပွဲမျှပင်မဖြစ်ပွားခဲ့ပေ။ စစ်တပ်သည် ထိုကာလအတွင်း (KIA) တပ်နှင်တိုက်ပွဲအနည်းငယ်ခန့်သာဖြစ်ပွားခဲသည်။၂၀၁၈ မှ ၂၀၂၀ အောက်တိုဘာလလယ်ခန့်အထိ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ရက္ခိုင့်တပ်မတော် (AA)၊ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)၊ တပ်များနှင့်စစ်တပ်တို့ အပြင်းပြင်းအထန်ထန်တိုက်ပွဲများဖြစ်ပွားခဲ့သည်။
Remove ads
၂၀၂၁-ယခုလက်ရှိအခြေအနေ
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစပြီး အာဏာသိမ်းစစ်တပ်နှင့် KIA တို့တစ်ကျော့ပြန်စစ်ပွဲအကြိမ် ၁၀၀ ထက်မနည်းဖြစ်ပွားခဲ့သည်။ ကချင်ပြည်နယ် ဒေါ့ဖုန်းယမြို့နယ်ခွဲရှိ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် အလောဘွမ်ဗျူဟာကုန်းတပ်စခန်းကို (KIA) တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းများက မတ်လ ၂၅ ရက် မနက် ၅ နာရီလောက် တိုက်ခိုက်သိမ်းယူခဲ့သည်။ စစ်ကောင်စီသည် (KIA) သိမ်းထားသောအလောဘွမ်စခန်းကိုပြန်လည်သိမ်းရန်အတွက် အင်အားအလွန်အကျွံသုံးကာ တိုက်ခိုက်ခြင်း၊ လေကြောင်းစစ်ဆင်ခြင်း၊ လက်နက်ကြီးများနှင့် ထိုးစစ်ဆင်ခဲ့သည်။သို့သော် ယခုတိုင် (KIA) ကထိန်းချုပ်ထားစဲဖြစ်၏။ကချင်ပြည်နယ်တွင်ရှိသော မြို့နယ်များရှိ စစ်စခန်းများအား (KIA) မှသိမ်းပိုက်ခဲ့၏။
NUGအစိုးရနှင့်ဆက်ဆံရေး
KIA သည် စစ်အာဏာရှင်စနစ်အား တိုက်ခိုက်လာခဲ့သည်မှာ ဖေဖော်ဝါရီ ၅ ရက် ၁၉၆၁ ကတည်းကပင်ဖြစ်သည်။ KIA သည် NUG အစိုးရနှင့် အာဏာသိမ်းမှုစတင်ချိန်ကတည်းကပင် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့သည်။ NUG နှင့် စစ်ရေးသာမကပဲ နိုင်ငံရေးတွင်းလည်း အားတတ်သရော ကူညီပံ့ပိုးပေးခဲ့သည်။ NUG ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော PDF များအား စစ်သင်တန်းပေးခြင်း၊ လေ့ကျင့်ခြင်း၊ လက်နက်ခဲယမ်းများတပ်ဆင်ခြင်း၊ ကူညီထောက်ပံ့ခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့သည်။ KIA သည် NUG အစိုးရ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် အရေးကြီးသော အခန်းတွင် ပါဝင်ဆောင်ရွက်လှုပ်ရှားနေပါသည်။ KIA သည် ၀၃၀၇ စစ်ဆင်ရေးဟု အမည်တွင်သော စစ်ဆင်ရေးတွင် NUG အစိုးရ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော PDF များနှင့် ပူးပေါင်းကာ တပ်မတော်၏ တပ်စခန်းများ၊ ဗျူဟာကုန်း ၅၀ ကျော်ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသည်။
Remove ads
တပ်ဖွဲ့ခွဲများ
KIA သည် တပ်မဟာ ၁၀ ခုဖြင့် လှုပ်ရှားနေသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ တပ်မဟာ တစ်ခုတွင် စစ်သည်အင်အား ၁၂၀၀ အထက် ၁၈၀၀ အောက်ဖြစ်ပြီး တပ်ရင်းအင်အားမှာ ၂၅၀ အထက် ၄၀၀ အောက်ဖြစ်သည်။
ယခုအချိန်တွင် KIA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မဟာ (၁၁) ကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။
တပ်မဟာများ
- တပ်မဟာ (၁) ၏ လှုပ်ရှားနယ်မြေမှာ ပူတာအို
- အမှတ် (၂) တပ်မဟာ၏ လှုပ်ရှားနယ်မြေမှ တနိုင်းဒေသ
- အမှတ် (၃) တပ်မဟာ၏ လှုပ်ရှားနယ်မြေမှာ ဗန်မော်ခရိုင်
- အမှတ် (၄) တပ်မဟာ၏ လှုပ်ရှားနယ်မြေမှာ ရှမ်းမြောက် အနောက်ဘက်
- အမှတ် (၅) တပ်မဟာ၏ လှုပ်ရှားနယ်မြေမှာ ဝိုင်းမော် အနီးနှင့် ဌာနချုပ်အနီး
- အမှတ် (၆) တပ်မဟာ၏ လှုပ်ရှားနယ်မြေမှာ ရှမ်းမြောက်
- အမှတ် (၇) တပ်မဟာ၏ လှုပ်ရှားနယ်မြေမှာ ပန်းဝါ
- အမှတ် (၈) တပ်မဟာ၏ လှုပ်ရှားနယ်မြေမှာ မိုးကောင်း၊ မိုးညင်း
- အမှတ် (၉) တပ်မဟာ၏ လှုပ်ရှားနယ်မြေမှာ ဖားကန့်
- အမှတ် (၁၀) တပ်မဟာ၏ လှုပ်ရှားနယ်မြေမှာ ရှေ့ရှမ်းမြောက်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads