ကရင်အမျိုးသားပါတီ
From Wikipedia, the free encyclopedia
Remove ads
ကရင်အမျိုးသားပါတီ (အင်္ဂလိပ်: Karen National Party၊ အတိုကောက် KNP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ၂၀၁၄ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ပါတီတည်ထောင်ရန် လျှောက်ထားခဲ့ပြီး ဇူလိုင် ၁၆ ရက်နေ့တွင် တည်ထောင်ခွင့် ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့တွင် ပါတီမှတ်ပုံတင် လျှောက်ထားခဲ့ရာ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပါတီအမှတ်စဉ် ၇၈ ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မှတ်ပုံတင်ခွင့်ပြုခဲ့သည်။[၃]
ပါတီ၏မူဝါဒမှာ တိုင်းရင်းသားများ တန်းတူအခွင့်အရေးများ ရရှိရေး၊ စစ်မှန်သည့် ဒီမိုကရက်တစ်ပြည်ထောင်စုပေါ်ပေါက်လာရေး၊ ကရင်တိုင်းရင်းသားအပါအဝင် ပြည်သူများဘဝ လုံခြုံမှုရရှိစေမည့် တရားဥပဒေများ ပြဋ္ဌာန်းနိုင်ရေး၊ ပြည်သူများ၏ လိုအပ်ချက်များ၊ ရပိုင်ခွင့်များတောင်းဆိုနိုင်ရေးတို့ ဖြစ်သည်။ ပါတီဝင်အရေအတွက် ငါးထောင်ကျော်ရှိပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး (ပန်းတနော်၊ ကျောင်းကုန်း၊ ဝါးခယ်မ၊ အိမ်မဲ၊ မြောင်းမြ)၊ ရန်ကုန်တိုင်းဒေသကြီး (မှော်ဘီ၊ ထန်းတပင်)၊ ကရင်ပြည်နယ် (သံတောင်)၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့တွင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၁ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
Remove ads
ပယ်ဖျက်ခြင်း
ကရင်အမျိုးသားပါတီကို ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိခဲ့သောကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည်။[၄]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads