ကိုကိုလွင်
စွမ်းအင်ဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည် From Wikipedia, the free encyclopedia
Remove ads
ဦးကိုကိုလွင်(၁၉၆၂ ဖွား) သည် စွမ်းအင်ဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။[၁] ထိုတာဝန်မတိုင်မီက သူသည် တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး၏ ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဖြစ်ခဲ့သည်။
Remove ads
စစ်မှုထမ်းဘဝ
ဦးကိုကိုလွင်သည် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်သည်။အင်ဂျင်နီယာဘွဲ့ရရှိပြီးနောက် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၇၁)သို့ တက်ရောက်ကာ စစ်မှုထမ်းသည်။သူ၏ စစ်မှုထမ်းကာလသည် နှစ် ၃၀ကျော် ရှိသည်။၎င်းသည် တိုက်ကြီးအခြေစိုက် ကပစ ၁၁ စက်ရုံမှူး၊ နေပြည်တော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး ဌာနကြီးမှူး အစရှိသည့် တာဝန်များထမ်းဆောင်ပြီးနောက်[၂] ၂၀၁၅ ခုနှစ် နောက်ပိုင်း တွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး၏ ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဖြစ်လာခဲ့သည်။ထိုတာဝန်ကို ၂၀၂၃ခုနှစ် ဩဂုတ်လ ၃ရက်နေ့ မတိုင်မီ အထိ ဗိုလ်ချုပ်အဆင့်ဖြင့် နောက်ဆုံးထမ်းဆောင်ကာ အငြိမ်းစားယူသည်။သူသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် နီးကပ်သော ဆက်ဆံရေးရှိသူဖြစ်သည်။[၃] နေပြည်တော် မာရဝိဇယဘုရား တည်ဆောက်ရေးလုပ်ငန်းတွင် ဦးဆောင်တည်ဆောက်ပေးခဲ့သူများထဲတွင် သူလည်း ပါဝင်သည်။
Remove ads
ပြည်ထောင်စုဝန်ကြီးဘဝ
သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ဩဂုတ် ၃ရက်တွင် စွမ်းအင်ဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးသည်။[၄]
ရရှိသည့် ဘွဲ့များ
သူ့ကို ၂၀၁၆ခုနှစ် မတ်လ ၁ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် ၂၄ / ၂၀၁၆ ဖြင့် ဇေယျကျော်ထင် ဘွဲ့ ချီးမြှင့်သည်။[၅] ယင်းအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာအမှတ် ၁၂၅ / ၂၀၂၃ ဖြင့် ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ ၂၃ ရက် တွင်လည်း သရေစည်သူဘွဲ့ ထပ်မံ ချီးမြင့်သည်။[၆]
မိသားစုဘဝ
သူသည် အိမ်ထောင်သည်တစ်ဦးဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads