မျိုးမြင့်ဦး

စွမ်းအင်ဝန်ကြီး(ငြိမ်း) From Wikipedia, the free encyclopedia

Remove ads

ဦးမျိုးမြင့်ဦးသည် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းကို နစကက ၂၀၂၂ခုနှစ် ဩဂုတ် ၅ရက်နေ့တွင် ခန့်အပ်ခဲ့ပြီး  ၂၀၂၃ ဩဂုတ် ၃ရက်နေ့ တွင် အနားပေးခဲ့သည်။ [] []ဦးမျိုးမြင့်ဦးသည် စွမ်းအင်ဝန်ကြီးဌာန နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။[]

အချက်တိုများ သီရိပျံချီ မျိုးမြင့်ဦး, စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး ...
Remove ads

ပညာရေးနှင့်အလုပ်အကိုင်

ဦးမျိုးမြင့်ဦးသည် ရန်ကုန်တက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်သည်။ ဘူမိဗေဒဘာသာဘွဲ့ကို ၁၉၈၁ ခုနှစ်တွင် ရရှိခဲ့သည်။ယင်းနောက် မဟာဘွဲ့ကို ထိုင်းတက္ကသိုလ်မှ ရယူခဲ့သည်။ဦးမျိုးမြင့်ဦးသည် ဗိုလ်လောင်းသင်တန်းသို့ တက်ရောက်ခဲ့သူဖြစ်သည့်အပြင် ဗိုလ်မှူးဘဝဖြင့် အငြိမ်းစားယူကာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း သို့ အစိုးရဝန်ထမ်းအဖြစ် ပြောင်းရွှေ့လာသူလည်းဖြစ်သည်။ ၂၀၁၃ခုနှစ် ဩဂုတ် ၂၂ရက်နေ့တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ညွှန်ကြားရေးမှူး(ကမ်းလွန်)တာဝန်မှ ဦးဆောင်ညွှန်ကြားရေးမှူးအစမ်းခန့် အဖြစ်သို့လည်းကောင်း[]၊၂၀၁၄ ဩဂုတ် ၂၈ရက်နေ့တွင် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ်သို့ အတည်ပြုခန့်အပ်ခြင်းကို ခံရသည်[]။ထိုရာထူးနှင့်ပင် ၂၀၂၀ ဇွန် ၂၃ ရက်တွင် ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူခဲ့သည်။

Remove ads

ပုဂ္ဂိုလ်ရေးဘဝ

ဇနီးဖြစ်သူမှာ ဒေါက်တာဥမ္မာမေတင်လှိုင်ဖြစ်ပြီး သမီးတစ်ဦးရှိသည်။

ပိတ်ဆို့ခံရမှုများ

၂၀၂၃ ဇန်နဝါရီ ၃၁ရက်တွင် အမေရိကန်ပြည်ထောင်စု [] [] နှင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဥရောပသမဂ္ဂ (EU) တို့က ဦးမျိုးမြင့်ဦးအား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုစာရင်းတွင် ထည့်သွင်းခဲ့သည်။ [] [၁၀]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads