ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်
From Wikipedia, the free encyclopedia
Remove ads
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် (အင်္ဂလိပ်: Secretary-General of the United Nations; အတိုကောက် UNSG သို့မဟုတ် SG) သည် ကုလသမဂ္ဂ၏ ပင်မဌာနငါးခုတွင် အပါအဝင်ဖြစ်သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ အကြီးအကဲဖြစ်သည်။ အထွေထွေအတွင်းရေးမှူးချုပ်သည် ကုလသမဂ္ဂ၏ အုပ်ချုပ်ရေးအရာရှိအဖြစ် တာဝန်ယူသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံးနှင့် အထွေထွေအတွင်းရေးမှူးချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကုလသမဂ္ဂ ဖွဲ့စည်းပုံဥပဒေ၏ အခန်း ၁၅ တွင် ဖော်ပြထားသည်။
Remove ads
၂၀၁၇ ခုနှစ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အထွေထွေအတွင်းရေးမှူးချုပ်မှာ အန်တိုနီရို ဂူတာရက်စ် ဖြစ်ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှတဆင့် ခန့်အပ်ခဲ့သည်။
Remove ads
နေအိမ်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ နေထိုင်ရာသည် အမှတ် ၃၊ ယောက်ရိပ်သာ / ဆက်တွန်ရပ်၊ မဟက်တန်၊ နယူးယောက်မြို့၊ နယူးယောက်ပြည်နယ်၊ အမေရိကန် ပြည်ထောင်စု ဖြစ်သည်။ နေအိမ်သည် ၁၉၂၁ ခုနှစ်တွင် အန်း မော်ဂန် အတွက် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ကုလသမဂ္ဂသို့ ၁၉၇၂ ခုနှစ်တွင် လှူဒါန်းခဲ့သည်။[၁]
အထွေထွေအတွင်းရေးမှူးချုပ်များ စာရင်း

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်များ၏ မွေးဖွားရာ ဒေသများ
Remove ads
သက်ရှိထင်ရှား အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းများ
ဘန်ကီမွန်း
(၂၀၀၇–၂၀၁၆)
ဇွန် ၁၃၊ ၁၉၄၄
မေ ၂၀၂၅ အထိ သက်ရှိထင်ရှားရှိနေသော အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းမှာ ဘန်ကီမွန်း ဖြစ်သည်။ နောက်ဆုံး ကွယ်လွန်ခဲ့သော အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းမှာ ၂၀၂၀ပြည့်နှစ် မတ်လ ၄ ရက်နေ့တွင် ကွယ်လွန်ခဲ့သော ဟာဗီးယား ပဲရက်စ် ဒီ ကွေးလျား (၁၉၈၂ -၁၉၉၁) ဖြစ်သည်။[၁၁]ကိုဖီအန်နန်မှာ ၂၀၁၈ခုနှစ် ဩဂုတ်လ၁၈ရက်တွင်ကွယ်လွန်ခဲ့သည်။[၁၂][၁၃]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads