ဘူးထရို့စ် ဘူးထရို့စ် ဂါလီ

ကုလသမဂ္ဂ၏ ဆဋ္ဌမမြောက် အထွေထွေအတွင်းရေးမှူးချူပ် From Wikipedia, the free encyclopedia

ဘူးထရို့စ် ဘူးထရို့စ် ဂါလီ
Remove ads

ဘူးထရို့စ် ဘူးထရို့စ် ဂါလီ (Boutros Boutros-Ghali) (Arabic: بطرس بطرس غالي, Coptic: Bουτρος Βουτρος-Γαλι) (၁၄ နိုဝင်ဘာ ၁၉၂၂ – ၁၆ ဖေဖော်ဝါရီ ၂၀၁၆) သည် အီဂျစ်လူမျိုး နိုင်ငံရေးသမားနှင့် သံတမန် တစ်ဦး ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးတွင် ဆဋ္ဌမမြောက် အထွေထွေအတွင်းရေးမှူးချူပ် အဖြစ် ၁၉၉၂ခုနှစ် ဇန်နဝါရီလမှ ၁၉၉၆ခုနှစ် ဒီဇင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် အီဂျစ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း တစ်ဦး ဖြစ်ပြီး ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲခြင်း နှင့် ရဝမ်ဒါနိုင်ငံလူသတ်ပွဲ များ စသော နိုင်ငံတကာ ပြဿနာများကို ပြေလည်မှုရအောင် ကြိုးပမ်း ညှိနှိုင်းခဲ့သည်။

အချက်တိုများ Boutros Boutros-Ghali, ဆဋ္ဌမမြောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ...

ဘူထရို့စ်ဂါလီသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေအတွင်း ရေးမှူးချုပ်အဖြစ် အာဖရိကတိုက်နိုင်ငံများ ထဲမှ ပထမဦးဆုံးအကြိမ်ရွေးချယ်ခံရသူဖြစ်သည်။ ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် မွေးဖွားခဲ့သည်။ ကိုင်ရိုတက္ကသိုလ်နှင့်ပြင်သစ်နိုင်ငံ ပါရီတက္ကသိုလ်တို့တွင် ပညာဆည်းပူးခဲ့ရာ ဥပဒေဘွဲ့ ( L.L.B )နှင့် ပါရဂူဘွဲ့ (Ph.D ) အသီးသီး ရရှိခဲ့သည်။ ကိုင်ရိုတက္ကသိုလ်တွင် အပြည်ပြည်ဆိုင်ရာ ဥပဒေပါမောက္ခ၊ နိုင်ငံရေးသိပ္ပံဌာနမှူး စသည့် တာဝန်များကို ထမ်းဆောင် ခဲ့သည်။ နိုင်ငံရေးဘက်တွင်လည်း အာရပ်ဆိုရှယ်လစ်သမဂ္ဂ ( Arab Socialist Union ) တွင် ဗဟိုကော်မတီဝင် တစ်ဦးဖြစ်ခဲ့သည်။

၁၉၇၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ အီဂျစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ထမ်းရွက်ခဲ့သည်။ ဒုတိယဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ဘူထရို့စ်ဂါလီသည် အာဖရိကတိုက်သားတစ်ဦးဖြစ်သော်လည်း လူမည်းတစ်ဦး မဟုတ်ပေ။ ခရစ်ယာန် ဘာသာဝင်တစ်ဦး ဖြစ်သည်။ ၎င်းအား နိုင်ငံရေးလောကအတွင်းသို့ခေါ်လာသူမှာ အီဂျစ်နိုင်ငံသမ္မတ အန်ဝါဆဒတ်ဖြစ်သည်။၁၉ရ၈ ခုနှစ်တွင်း ကျင်းပခဲ့သော ဒေးဗစ်စခန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဘူထရို့စ်ဂါလီသည် စေ့စပ်ဖျန်ဖြေရေးသမား တစ်ဦးအဖြစ်ဆောင်ရွက်ခဲ့သည်။

၁၉၇၉ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ အီဂျစ်၊ အစ္စရေးနှင့် အမေရိကန်တို့၏ ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲများသို့လည်း ပါဝင်တက်ရောက်ခဲ့သည်။[] ထို့အပြင် အာဖရိက နိုင်ငံများ အရေး၊ နယ်လ်ဆင် မန်ဒဲလား လွတ်မြောက်ရေး၊ အီရတ်-ကူဝိတ်အရေးစသည်တို့တွင်လည်း ဘူထရို့စ်ဂါလီက ကြားဝင်စေ့စပ်ပေးခဲ့ရသည်။

၁၉၉၁ ခုနှစ်နိုဝင်ဘာလ ၂၁ ရက်နေ့တွင်ဘူထရို့စ်ဂါလီအား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သစ်အဖြစ် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမဲ ၁၁ မဲဖြင့် ရွေးချယ်တင်မြှောက်လိုက်သည်။ ယင်းနှစ် ဒီဇင်ဘာလ ၁၉ရက်နေ့ တွင် ဘူထရို့စ်ဂါလီသည် ကုလသမဂ္ဂဌာနချုပ်တွင် အထွေထွေ အတွင်းရေးမှူးချုပ် အသစ်အဖြစ် တာဝန်ထမ်းဆောင်ရန် အီဂျစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် အဖြစ်မှ နုတ်ထွက်ခဲ့သည်။ ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကိုစတင်ထမ်းဆောင်သည်။[]


Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads