ကွန်မင်တန်ပါတီ

တရုတ်သမ္မတနိုင်ငံ၏ နိုင်ငံရေးပါတီ From Wikipedia, the free encyclopedia

ကွန်မင်တန်ပါတီ
Remove ads

ကူမင်တန်[၃၅]/ကိုမင်တန်[၃၆] (အင်္ဂလိပ်: Kuomintang (KMT)) သို့မဟုတ် ဂိုမင်ဒန် (Guomindang (GMD)[၃၇]) တစ်နည်းအားဖြင့် တရုတ်အမျိုးသားရေးပါတီ[]သည် တရုတ်သမ္မတနိုင်ငံရှိ အဓိကနိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ၁၉၂၈ မှ ၁၉၄၉ အတွင်း တရုတ်ပြည်မကြီး၌သော်လည်းကောင်း ၁၉၄၉ ခုနှစ်နောက်ပိုင်းတွင် ထိုင်ဝမ် (Taiwan/ The Republic of China - ROC)၌သော်လည်းကောင်း အုပ်ချုပ်ခဲ့သည့် တစ်ခုတည်းသောပါတီဖြစ်သည်။ ရီပတ်ဘလီကန်ခေတ် ၁၉၂၈ ခုနှစ်မှ ၁၉၄၉ ခုနှစ်အတွင်း တရုတ်ပြည်မကြီး၏အများစုကို အုပ်ချုပ်နိုင်ခဲ့သော ပါတီတစ်ခုဖြစ်သည်။ တရုတ်ပြည်တွင်းစစ်တွင် ရှုံးနိမ့်ပြီးနောက် ၁၉၄၉ ဒီဇင်ဘာ ၇ ရက်တွင် ပါတီသည် ပြည်မကြီးမှထိုင်ဝမ်သို့ ဆုတ်ခွာခဲ့သည်။ တရုတ်ခေါင်းဆောင် ချန်ကေရှိတ်သည် စစ်အုပ်ချုပ်ရေးကြေညာပြီး ထိုင်ဝမ်အား ဒန်ကိုစနစ်အောက်တွင် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ပြီး ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများပြဋ္ဌာန်းပြီး ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးအထိ ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ထိုင်ဝမ်နိုင်ငံရေးတွင် အပြာရောင် တပ်ပေါင်းစု ညွန့်ပေါင်းအဖွဲ့တွင် လွှမ်းမိုးထားသောပါတီဖြစ်ပြီး ပြိုင်ဘက်ဒီမိုကရက်တစ်တိုးတက်ရေးပါတီနှင့် အဓိကယှဉ်ပြိုင်သည်။ လက်ရှိတွင်၎င်းသည် ဥပဒေပြုရေးယွမ်တွင် အကြီးဆုံးအတိုက်အခံပါတီဖြစ်သည်။ လက်ရှိဥက္ကဋ္ဌမှာ အဲရစ် ချူးဖြစ်သည်။

အချက်တိုများ ကိုမင်တန်ပါတီKuomintang 中國國民黨Zhōngguó GuómíndǎngChungkuo Kuomintang, အခြား အမည် ...
အချက်တိုများ တရုတ်အမည်, ရိုးရာ တရုတ် ...

ပါတီသည် ၁၈၉၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဟာဝိုင်အီသမ္မတနိုင်ငံ ဟိုနိုလူလူမြို့ဆွန်ယက်ဆင်မှ တည်ထောင်ခဲ့သော တရုတ်ပြန်လည်ရှင်သန်ရေးအဖွဲ့မှ စတင်ခဲ့သည်။ ထိုနေရာမှပါတီသည် ရှန်ဟိုက်တော်လှန်ရေးမတိုင်မီတွင် ကြီးမားသောပြန်လည်ဖွဲ့စည်းမှု အပြောင်းအလဲများကို လုပ်ဆောင်ခဲ့သောကြောင့် ချင်းမင်းဆက်ပြိုကွဲကာ ပေယန်းအစိုးရကို ပေါ်ပေါက်လာစေခဲ့သည်။ ၁၉၁၉ ခုနှစ်တွင် ဆွန်ယက်ဆင်သည် ရှန်ဟိုင်း ပြင်သစ် လိုက်လျောမှုအတွင်း "ကိုမင်တန်" အမည်ဖြင့် ပါတီကို ပြန်လည်တည်ထောင်ခဲ့သည်။ ၁၉၂၆ မှ ၁၉၂၈ ခုနှစ်များအတွင်း ချန်ကေရှိတ်သည် မြောက်ဘက်စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့၍ ဒေသဆိုင်ရာစစ်မင်းများကို တိုက်ထုတ်ကာ အစိတ်စိတ်အမွှာမွှာဖြစ်နေသောနိုင်ငံကို ပြန်လည်ပေါင်းစည်းနိုင်ခဲ့သည်။ ၁၉၃၇ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ကိုမင်တန်တို့အုပ်ချုပ်သော အမျိုးသားရေးဝါဒီအစိုးရသည် ဒုတိယ တရုတ်-ဂျပန်စစ်ပွဲကို ကျော်ဖြတ်ကာ တရုတ်နိုင်ငံကို ဦးဆောင်ခဲ့သည်။ ၁၉၄၉ တွင် တရုတ်ပြည်တွင်းစစ်တွင် တရုတ်ကွန်မြူနစ်ပါတီကိုရှုံးနိမ့်ခဲ့ပြီး စစ်နိုင်ကွန်မြူနစ်တို့သည် ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့သည်။ ထို့ကြောင့် တရုတ်သမ္မတနိုင်ငံအစိုးရသည် ယခင် ချင်းအင်ပါယာ၏နယ်မြေဖြစ်သော၊ ၁၈၉၅ မှ ၁၉၄၅ ခုနှစ်အတွင်း ဂျပန်အင်ပါယာက သိမ်းပိုက်ထားသည့် ထိုင်ဝမ်ကျွန်းသို့ ဆုတ်ခွာခဲ့ရသည်။

၁၉၄၉ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ ကိုမင်တန်အစိုးရသည် ဖေဖော်ဝါရီ ၂၈ ဖြစ်စဉ်အပြီးတွင် ထိုင်ဝမ်ကို အာဏာရှင်တစ်ပါတီနိုင်ငံအဖြစ် အုပ်ချုပ်ခဲ့သည်။ ဤကာလအတွင်း စစ်အုပ်ချုပ်ရေးအာဏာသက်ဝင်ခဲ့ပြီး ကွန်မြူနစ်ဆန့်ကျင်ရေးအမည်ခံ၍ အရပ်ဘက်လွတ်လပ်ခွင့်များကို ကန့်သတ်ချုပ်ချယ်ခဲ့ကာ အဖြူရောင်ခြောက်လှန့်မှုဟု လူသိများသည့်ကာလလည်းဖြစ်သည်။ ပါတီသည် ထိုင်ဝမ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုသာမက သံတမန်ရေးရာအရေးနိမ်မှုကိုလည်း ကြုံတွေ့ခဲ့ရသည်။ ကမ္ဘာ့နိုင်ငံအများစုသာမက ၎င်း၏အဓိကမဟာမိတ်ဖြစ်သော အမေရိကန်နိုင်ငံသည်လည်း ကွန်မြူနစ်ဦးဆောင်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပြောင်းလဲအသိအမှတ်ပြုခဲ့ကြရာမှ ၁၉၇၀ ခုနှစ်များအတွင်း တရုတ်သမ္မတနိုင်ငံသည် ၎င်း၏ကုလသမဂ္ဂနေရာကို ဆုံးရှုံးခဲ့ရသည်။ ၁၉၈၀ ခုနှစ်နှောင်းပိုင်းတွင် ချန်ကေရှိတ်၏သား ကျန်ကျင်းကော်သည် စစ်အုပ်ချုပ်ရေးဥပဒေကို ရုပ်သိမ်းကာ ဒီမိုကရက်တစ်တိုးတက်ရေးပါတီကဲ့သို့သော အတိုက်အခံပါတီများကို တည်ထောင်ခွင့်ပြုခဲ့သည်။ ၎င်း၏ဆက်ခံသူ လီတိန်းဟွေးသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးတို့ကို ဆက်လက်လုပ်ဆောင်ခဲ့ရာ နိုင်ငံ့သမိုင်းတွင် ပထမဆုံးအကြိမ် တိုက်ရိုက်သမ္မတရွေးကောက်ပွဲဖြင့် ၁၉၉၆ ခုနှစ်တွင် ပြန်လည်ရွေးကောက်ခံခဲ့ရသည်။ ၂၀၀၀ ခုနှစ် သမ္မတရွေးကောက်ပွဲသည် ကိုမင်တန်၏ ၇၂ နှစ်တာ နိုင်ငံရေးစိုးမိုးမှုကို အဆုံးသတ်စေခဲ့သည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း သမ္မတရွေးကောက်ပွဲတွင် ကိုမင်တန်မှ မာယင်းကျိုသည် မဲအပြတ်အသတ်အနိုင်ရရှိခဲ့ပြီး ရေလက်ကြားဆိုင်ရာ စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်မှုများအပေါ် ကန့်သတ်ချက်များကို သိသိသာသာ ဖြေလျှော့ပေးခဲ့သည်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင်မူ သမ္မတရာထူးနှင့် ၎င်း၏ ဥပဒေပြုလွှတ်တော်အများစုနေရာကို ရှုံးနိမ့်ခဲ့ပြီး အတိုက်အခံဘက်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ကိုမင်တန်သည် အပြည်ပြည်ဆိုင်ရာဒီမိုကရက်ယူနီယံ၏ အဖွဲ့ဝင်ဖြစ်သည်။ ပါတီ၏လမ်းညွှန်အယူဝါဒမှာ ဆွန်ယက်ဆင်မှ သတ်မှတ်ပေးထားသည့် ပြည်သူ့အခြေခံမူ (၃) ရပ်ဖြစ်သည်။ ထိုင်ဝမ်လွတ်လပ်ရေးလှုပ်ရှားမှု၊ "တစ်ပြည်ထောင် စနစ်နှစ်ခု" မူဘောင်အောက်ရှိ တရုတ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးနှင့် ရေလက်ကြားပြဿနာများကိုဖြေရှင်းရန် ငြိမ်းချမ်းမှုမရှိသောနည်းလမ်းများ အသုံးပြုခြင်းကိုဆန့်ကျင်သည်။ မူလကနဦးက နိုင်ငံ့ဂုဏ်ရည်ပရောဂျက်မှတစ်ဆင့် တရုတ်ပြည်မကြီးကို ပြန်လည်သိမ်းပိုက်ရယူခြင်းအပေါ် ဦးစားပေးလုပ်ဆောင်ခဲ့ရာမှ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကိုလိုလားပြီး တရုတ်သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ထိုင်ဝမ်၏လက်ရှိအနေအထားကို ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိသည်။ ၎င်းသည် ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်လုံးကို "တရုတ်တစ်နိုင်ငံ"တည်းဟု သတ်မှတ်သည့် ၁၉၉၂ ခုနှစ် သဘောတူညီချက်ကိုလည်း လက်ခံသော်လည်း မိမိတို့သာလျှင် တရုတ်နိုင်ငံလုံးကို အုပ်ချုပ်သည်ဟု မှတ်ယူထားသည်။

Remove ads

ရွေးကောက်ပွဲရလဒ်

သမ္မတရွေးကောက်ပွဲ

နောက်ထပ် အချက်အလက်များ ရွေးကောက်ပွဲ, ယှဉ်ပြိုင်သူ ...
  1. ဤရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အခြားကိုမင်တန် ကိုယ်စားလှယ်လောင်းများကို မဖော်ပြထား

ဥပဒေပြုရွေးကောက်ပွဲ

နောက်ထပ် အချက်အလက်များ ရွေးကောက်ပွဲ, အနိုင်ရရှိသည့်နေရာ ...

ဒေသန္တရရွေးကောက်ပွဲ

နောက်ထပ် အချက်အလက်များ ရွေးကောက်ပွဲ, တရားသူကြီးများနှင့် မြို့တော်ဝန်များ ...
Remove ads

ဆက်စပ်ဖတ်ရန်

ကျမ်းကိုး

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads