ကော့ကရိတ်မြို့
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိ မြို့ From Wikipedia, the free encyclopedia
Remove ads
ကော့ကရိတ်မြို့ (ကရင်: ကီၢ်ကရံၣ်ဝ့ၢ်ဖိ) သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၏ မြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်သည်။ မော်လမြိုင်မြို့၏ အရှေ့ဘက် မိုင် ၅ဝ ခန့်အကွာတွင် တည်ရှိ၏။ မော်လမြိုင်မြို့မှ ဂျိုင်းမြစ်အတိုင်း မိုင် ၄ဝ ခန့်ဆန်တက်ကာ ဟောင်သရောမြစ်လက်တက်ဖက်သို့ ချိုးဝင်ပါက ကျုံဒိုးမြို့သို့ရောက်၍၊ ထိုမှတစ်ဆင့်မော်တော်ကားဖြင့် ကော့ကရိတ်မြို့သို့ ၁၅ မိုင်ခန့်သွားရသည်။
ကော့ကရိတ်မြို့သည် ထိုင်း မြန်မာနယ်စပ်ဖြစ်သော မြဝတီမြို့နှင့် ၄၁ မိုင်မျှသာကွာဝေး၍ ကားလမ်းဖြင့်ဆက်သွယ်ထား၏။ သို့ဖြစ်၍ ကော့ကရိတ်မြို့မှာ ထိုင်းနှင့် မြန်မာ ကူးသန်းရောင်းဝယ်ရေးတွင် အချက်အချာဌာနတစ်ခု ဖြစ်လေသည်။ ယိုးဒယား၊ ရှမ်း၊ မွန်၊ မြန်မာ၊ ကရင်၊ပအိုဝ်း၊ တရုတ်၊ အိနၵိယစသည်ဖြင့် လူမျိုးပေါင်းစုံနေထိုင်၍ တောင်သူလယ်သမား အဖြစ် အသက်မွေးမြူသူများသည်။
ကော့ကရိတ်မြို့၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၃.၂ ခန့်ရှိ၍ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄၂,၉၅၀ ဦး[၁] ရှိသည်။ ကော့ကရိတ်မြို့နယ်မှာ ရှေးအခါက ဟောင်သရောမြို့နယ် ဖြစ်ခဲ့ဘူး၏။ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ၂ ခု ပေါင်း၍ ကော့ကရိတ်ခရိုင်အဖြစ် ဖွဲ့စည်းထားသည်။ ဤမြို့နယ် ၂ ခုကို ကရင်ပြည်နယ်သို့ ပူးပေါင်း သွတ်သွင်းရန် ၁၉၅၂-ခုနှစ်တွင် သတ်မှတ်ခဲ့သည်။ [၂]
Remove ads
အထင်ကရပုဂ္ဂိုလ်များ
ကော့ကရိတ်မြို့ခံ သို့မဟုတ် ကော့ကရိတ်မြို့တွင် မွေးဖွားခဲ့သော ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads