ကျိုက်ထိုမြို့နယ်

From Wikipedia, the free encyclopedia

ကျိုက်ထိုမြို့နယ်
Remove ads

ကျိုက်ထိုမြို့နယ် သည် မြန်မာနိုင်ငံမွန်ပြည်နယ်ကျိုက်ထိုခရိုင်တွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ကျိုက်ထိုမြို့ ဖြစ်သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင်  မြန်မာလွှတ်တော်များမှ ဖြေကြားပေးသည့် အချက်အလက်များအရ ကျိုက်ထိုမြို့နယ်တွင် လူဦးရေ ၁၅၇, ၂၁၆ ဦးခန့်နေထိုင်ပြီး အိမ်ထောင်စု ၂၇,၇၄၅ စု ရှိသည်။ မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၁၈ ခုနှစ်အောက်တိုဘာလ ၁ ရက် မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အိမ်ထောင်စု ၂၁၆၀၈ စုရှိပြီး လူဦးရေ ၁၆၄၈၁၂ ရှိသည်။ ထို့ပြင် ကုတင် ၂၅ လုံးဆန့် ဆေးရုံတစ်ရုံ၊ ကုတင် ၁၆လုံးဆန့် သိမ့်ဇရပ်စခန်း ဆေးရုံ၊ မိခင်နှင့်ကလေး စောင့်ရောက်ရေး‌ဂေဟာတစ်လုံး၊ ကျေးလက်ဆေးပေးခန်း ၇၊ ကျေးလက်ဆေးပေးခန်းဌာနခွဲ ၂၈ ခုရှိဆို၏။[]

အချက်တိုများ ကျိုက်ထိုမြို့နယ်, နိုင်ငံ ...
Remove ads

သဘာဝဘေး

ရေကြီးရေလျှံမှု

ကျိုက်ထိုမြို့နယ်တွင် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်မှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် ရပ်ကွက်အချို့ ရေမြုပ်ခြင်း၊ မြေပြိုမှုကြောင့် လူနေအိမ် ၇ လုံး ပြိုကျခြင်း၊ ၈ လုံး ပျက်စီးခြင်းအပြင် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်တွင်လည်း ရေလျှံမှုဖြစ်ပွားခဲ့ပြီး ကားသွားလာဖြတ်သန်းမှု ယာယီရပ်ဆိုင်းခဲ့ရသည်ထိ ဖြစ်ပွားခဲ့သည်။ ကျိုက်ထိုမြို့ပေါ် တိုးချဲ့ရပ်ကွက်များဖြစ်သည့် ကော့စနိုင်ရပ်ကွက်၊ ဇေယျာမွန်ရပ်ကွက်နှင့် သမလရပ်ကွက်တို့တွင် ဇူလိုင်လ ၂၀ ရက်နေ့တွင် ရေလွှမ်းခံရမှုကြောင့် ဒေသခံ ၄၀ဝ၀ နီးပါးတို့ ဘေးလွတ်ရာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ခိုလှုံခဲ့ကြရသည်။ ရေကြီးရေလျှံမှုကြောင့် ကျိုက်ထိုတွင် ကယ်ဆယ်ရေးစခန်း ၆ ခု၊ လူဦးရေ ၃၉၁၆ ဦး၊ မြေပြိုကယ်ဆယ်ရေးစခန်း ၁ ခု၊ လူဦးရေ ၉၁ ဦးတို့ ဘေးလွတ်ရာ ခိုလှုံခဲ့ကြရသည်။ ဇူလိုင်လ ၂၅ ရက်နေ့ နေ့လယ်အချိန်မှစ၍ ကျိုက်ထိုမြို့နယ်အတွင်း ရေအားလုံးပြန်ကျသွားသည့်အတွက် ရေဘေးရှောင်သူများ နေအိမ်များသို့ ပြန်ခဲ့ကြသည်။

ကျိုက်ထိုမြို့ပေါ် ရပ်ကွက်တို့တွင် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှုဒဏ်ခံရလေ့ရှိပြီး ဒေသခံထောင်နှင့်ချီပြီး ဘေးလွတ်ရာတိမ်းရှောင်ရသည့်အဖြစ်မျိုး ၁၉၉၇ ခုနှစ်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ကြုံတွေ့ခဲ့ဖူးသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads