ကျီးကန်း

ငှက်မျိုးစု From Wikipedia, the free encyclopedia

ကျီးကန်း
Remove ads

ကျီးကန်းသည် မည်းနက်သော ငှက်တစ်မျိုးဖြစ်၍ မြို့ကျီးကန်းနှင့် တောကျီးကန်းဟူ၍ နှစ်မျိုးကွဲသည်။ တောကျီးကန်းမှာ ကိုယ်ထည်ထွားသည်။ ကျီးသည် အလျား ၁၇" ရှိ၍ ရင်အုပ်နှင့် လည်အနားတွင် မွဲခြောက်သည်။ ကျီးကန်းသည် မျက်စိလျင်၍ လုယက်ခိုးဝှက်တတ်သည်။ စားကြွင်းစားကျန်၊ တီကောင်၊ ကြွက်ငယ်များကို ရှာဖွေစားသောက်သည်။ ကျီးတစ်ကောင် သေလျင် ကျန်ကျီးကန်းများ ဝိုင်းလာ၍ အော်ဟစ်တတ်သည်။ အသိုက်ကို သစ်ပင်မြင့်များ အထူးသဖြင့် မန်ကျည်းပင်များတွင် ပြုလုပ်လေ့ရှိသည်။ ကျီးဥမှာ ကြက်ဥကဲ့သို့ ရှည်မျောပြီး အခွံမာကျောကာ အနီပြောက်၊ အညိုပြောက်များ ရှိသည်။ တောကျီးကန်း အသံမှာ ပို၍အောသည်။ ကျီးကန်းကို မြန်မာနိုင်ငံနှင့် အာရှတိုက် အရှေ့ပိုင်း နိုင်ငံများတွင် တွေ့ရသည်။ တခါတရံ ဆွတ်ဆွတ်ဖြူသော ကျီးကန်းကိုလည်း တွေ့ရတတ်သည်။[]

အချက်တိုများ မျိုးရိုးခွဲခြားခြင်း, အမျိုးအစား မျိုးစိတ် ...
Remove ads

မျိုးပွားပုံ

ကျီးကန်းမသည် သုံးနှစ်သား၌ အရွယ်ရောက် ရင့်မာပြီး၊ ကျီးကန်းဖိုသည် ငါးနှစ်သားတွင် ရင့်မာသည်။ ဥကို သုံးလုံးမှ ကိုးလုံးထိ ဥတတ်ပြီး၊ အသိုက်ထဲတွင် ရက် ၂၀ မှ ၄၀ ထိ နေရလေ့ရှိသည်။ ကျီးကန်းများသည် တဘဝတာလုံး ကြင်ဖော်နှင့် တူတွဲ နေထိုင်ပြီး၊ ယခင်နှစ်က ပေါက်သော အငယ်များသည် အသိုက်ကို ဝိုင်းဝန်း စောင့်ရှောက်ပေးတတ်ကာ၊ ဥမှ ပေါက်ကာစ အသိုက်နေ ကျီးကန်းပေါက်စများကို အစာကျွေးခြင်း၌ ကူညီ‌သည်။[]

Thumb
A crow's nest is made of materials like twigs, electrical wires, metal strips, plastic pieces, and other small items.

မြို့ပြဒေသတွင် အသိုက်နေ ကျီးကန်းပေါက်စများသည် သဘာဝနှင့် လိုက်လျောညီထွေ မရှိသော လူလုပ် အသိုက်များတွင် ငြိုငြင်စွာ နေထိုင်ရခြင်းနှင့် အာဟာရ ပြတ်လတ်သောကြောင့် အရိုးပြိုင်းပြိုင်း ကြီးပြင်းလာရခြင်းစသော ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့ရသည်။[][]

Remove ads

သက်တမ်းနှင့် ရောဂါ

အချို့ကျီးကန်းများသည် အသက် ၂၀ ထိ နေနိုင်ပြီး၊ တောတွင်းဘဝတွင် အသက်အရှည်ဆုံး ဖြစ်သော အမေရိကန် ကျီးကန်းသည် အသက် ၃၀ နီးပါး ရှည်ခဲ့သည်။[] မှတ်တမ်းတင်ထားသော လှောင်ချိုင့်နှင့် မွေးမြူသည့် အသက်အကြီးဆုံး ကျီးကန်းမှာ အသက် ၅၉ တွင် သေဆုံးသွားခဲ့သည်။[]

အမေရိကန်ကျီးကန်းသည် မကြာသေးမီက ဖြစ်ပွားလာသော မြောက်အမေရိက၏ အနောက်ဘက် နိုင်းဗိုင်းရပ်စ်ရောဂါပိုး (West Nile Virus)နှင့် ထိတွေ့ ကူးစက်လွယ်ကြောင်း တွေ့ရှိရသည်။[] အမေရိကန်ကျီးကန်းများသည် ရောဂါ ဖြစ်ပွားပြီး တစ်ပတ်ခန့်အတွင်း ပုံမှန်အားဖြင့် သေဆုံးလေ့ရှိပြီး၊ အနည်းစုသာ ပုံမှန်မဟုတ်ဘဲ ရှင်သန်ခွင့်ရသည်။

Remove ads

ကာကွယ်စောင့်ရှောက်သည့် အခြေအနေ

Thumb
ဟာဝိုင်အီကျီး သို့ အာလာလာʻalala (Corvus hawaiiensis) သည် မျိုးတုံးကာနီးပြီ ဖြစ်သည်၊ ဒါဇင်အနည်းငယ်သာလျှင် လှောင်ချိုင့်ဖြင့် မွေးမြူထားသောကြောင့် အသက်ရှင်နေသည်။ တောတွင်းတွင်မူ ‌မျိုးတုံးပြီဟု အမေရိကန်ပြည်ထောင်စု ငါးမျိုးနှင့် သားရဲတိရစ္ဆာန်များ အသင်းက စာရင်းသွင်းထားသည်။

ကျီးကန်းမျိုးစိတ် ၂ ခုကို ယူအက်စ် ငါးမျိုးနှင့် သားရိုင်းတိရစ္ဆာန်များ ဌာနက မျိုးတုံးမည့် အန္တရာယ် ကျရောက်နေသည်ဟု စာရင်းသွင်းထားသည်။ ၎င်းတို့မှာ ဟာဝိုင်အီကျီး နှင့် မာရီယာနာကျီး တို့ဖြစ်သည်။[] အနောက်နိုင်းဗိုင်းရပ်စ်ကြောင့် ၁၉၉၉ ခုနှစ်ကတည်းက ဦးရေ ၄၅% လျော့ကျသွားသော အမေရိကန်ကျီးကိုမူ စိုးရိမ်ရန် မလိုဆုံး မျိုးစိတ်အဖြစ် သတ်မှတ်ထားလေသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads