ကျောက်ပန်းတောင်းမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ကျောက်ပန်းတောင်းမြို့နယ် သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။[၂] မြို့နယ်ရုံးစိုက်ရာမြို့မှာ ကျောက်ပန်းတောင်းမြို့ ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
ကျောက်ပန်းတောင်းမြို့ကို အနော်ရထာမင်းစော၏ တာဝန်ပေးချက်အရ အမတ်ကြီး သီဟပတေ့သည် မြန်မာသက္ကရာဇ် ၃၀၇ ခုနှစ်တွင် ခေါင်းနီအိမ်ကန်အရှေ့ဘက်ရှိ သရက်ချဉ်ရွာ၊ ညောင်စောက်ရွာ၊ မကျီးစောက်ရွာနှင့် လေးရွာအုပ်စု အစရှိသည့်ကျေးရွာပေါင်း လေးရွာကို စုပေါင်း၍ ယခုကျောက်ပန်းတောင်းမြို့တည်ရာအရပ်၌ တည်ထောင်ခဲ့သည်။ ကျောက်ပန်းတောင်းဟုခေါ်တွင်ရခြင်းမှာ ကုန်းတော်ကြီးဘုရားတည်ရှိရာ တောင်တန်းတွင် ကျောက်ပန်းများ ထူထပ်စွာပေါက်ရောက်နေသည်ကို တွေ့ရှိရသဖြင့် ကျောက်ပန်းများကို အစွဲပြု၍ မြို့အမည်ကို (သေဠာ၊ ပုပ္ဖ၊ ပပ္ပက-သေဠာ=ကျောက်၊ ပုပ္ဖ=ပန်း၊ ပပ္ပက=တောင်) ကျောက်များပန်ဆင်ထားသကဲ့သို့ရှိနေသောတောင်ကိုအစွဲပြု၍ ကျောက်ပန်းတောင်ဟုခေါ်လာရာမှ နောင်တွင် ကျောက်ပန်းတောင်ဟုခေါ်တွင်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ ၁၉၇၂ ခုနှစ် ဩဂုတ် ၃၁ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့ကို ဖွဲ့စည်းခဲ့ပြီး ၁၉၇၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် မြို့နယ်ကိုဖွဲ့စည်းခဲ့သည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်ကို မြင်းခြံခရိုင်မှ ညောင်ဦးခရိုင်အတွင်း ပြောင်းလဲဖွဲ့စည်းခဲ့သည်။[၃]
Remove ads
ပထဝီဝင်အနေအထား
မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၃၂ မိနစ်နှင့် ၂၁ ဒီဂရီ ၀၅ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီနှင့် ၉၅ ဒီဂရီ ၃၂ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၂၆.၇၅၂ မိုင်၊ တောင်မှမြောက်သို့ ၂၈.၃၄၇ မိုင်ရှိပြီး ၇၅၈.၃၅ စတုရန်းမိုင် ကျယ်ဝန်းသည်။[၃]
နယ်နိမိတ်
ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့ဘက်တွင် မိတ္ထီလာမြို့နယ်၊တောင်ဘက်တွင် မကွေးတိုင်းရှိ နတ်မောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်၊ အနောက်ဘက်တွင် ညောင်ဦးမြို့နယ်နှင့် မကွေးတိုင်းရှိ ချောက်မြို့နယ်နှင့် မြောက်ဘက်တွင် တောင်သာမြို့နယ်၊ မလှိုင်မြို့နယ်တို့တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
ပင်လယ်ရေမြေနှာပြင်အထက် ၁၂၂၄ ပေအထက်တွင်တည်ရှိကာ တောင်ကုန်းတောင်တန်းများပေါများသကဲ့သို့ သဲဆန်သောမြေပြန့်များလည်းရှိသည်။ မြို့နယ်အတွင်းတွင် တောင်ဇင်းချောင်းသည် မြောက်မှ တောင်သို့စီးဆင်းနေသည်။ ကျောက်ပုံချောင်းနှင့် ပင်းချောင်းသည် အရှေ့မှအနောက်သို့စီးဆင်းနေသည်။ ရေချိုများဖြစ်ပြီး သောက်သုံးရန်နှင့် စိုက်ပျိုးရန်တို့အတွက်အသုံးပြုသည်။ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်တို့တွင် တောင်ကုန်းတောင်တန်းများပေါပြီး တောင်ဘက်တွင် စိုက်ပျိုးရန်အတွက် အသုံးဝင်သည့် သဲဆန်သောမြေပြန့်လွင်ပြင်များရှိသည်။
Remove ads
လူဦးရေ
ကျောက်ပန်းတောင်းမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ကရင်၊ရှမ်း၊ရခိုင်၊ချင်း၊ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ ခရစ်ယာန်ဘာသာကိုးကွယ်သူ အနည်းငယ်ရှိသည်။ မြို့နယ်ဦးရေ၏ ၀.၀၅%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊ အိန္ဒိယစသည့်လူမျိုးများဖြစ်သည်။[၃]
စီးပွားရေး
ကျောက်ပန်းတောင်းမြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သည်။ ထို့အပြင် မွေးမြူရေး၊ ရောင်းဝယ်ရေးလုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်များမှာ နှမ်း၊ ပဲအမျိုးမျိုး၊ ဆန်စပါး၊ ကြက်သွန်၊ ထန်းလျက်၊ မကျည်းနှင့် အာလူးကြော်တို့ဖြစ်ပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ အဓိကတင်ပို့ရောင်းချသည်။ ရန်ကုန်၊ မန္တလေးမြို့များမှ လူသုံးကုန်ပစ္စည်းများကို တင်သွင်းသည်။ နိုင်ငံပိုင် ပိုဇိုလန်စက်ရုံနှင့် ဝါကြိတ်စက်ရုံအပါအဝင် စက်ရုံ ၇ ရုံ၊ အလုပ်ရုံ ၆၅ ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၃၂၉ ခုရှိသည်။
ဈေးများ
- မြို့မဈေး
- တမ္ပဝတီဈေး
- တောင်ဦးဈေး
- လက်ပံပျားဈေး
Remove ads
ပို့ဆောင်ဆက်သွယ်ရေး
ကျောက်ပန်းတောင်မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ ကျောက်ပန်းတောင်းမှနေ၍ ပျဉ်းမနား၊ ချောက်၊ ညောင်ဦးသို့ ရထားလမ်းရှိသည်။ မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံ၊ ညောင်ဦး၊ တောင်ကြီးနှင့် လွိုင်ကော်မြို့များသို့ ကားများရှိသည်။
၂၀၁၇ ခုနှစ်နောက်ပိုင်းမှစ၍ ကျောက်ပန်းတောင်း မြို့ရှောင်လမ်းမှ တစ်ဆင့် ကျောက်ပန်းတောင်း−မြင်းခြံလမ်း အတိုင်း ငါ့သရောက်မြို့နှင့် အခြားကျေးရွာများသို့ အဆင့်မြင့် ခရီးသည် သယ်ယူပို့ဆောင်ရေး (Express) ကားများဖြတ်သန်းသွားလာကြသည်။
Remove ads
ပညာရေး
အဆင့်မြင့်ပညာ
- ပြည်တော်သာစက်မှုသိပ္ပံ
အခြေခံပညာ
အထက
အထက်တန်းကျောင်း ၁၂ကျောင်းရှိသည်။
- အထက ၁
- အထက ၂
- အထက ပုပ္ပါး
- အထက ကမ်းဖြူ
- အထက တောင်ဦး
- အထက လက်ပံဖျား
- အထက မြို့ရှေ့
- အထက ပွေးကျစ်
- အထက သပြေကိုင်း
- အထက နတ်ကန်လည်
- အထက လက်ပံကျင်း
- အထက တလင်းကုန်း
အထက(ခွဲ)/အလက
- အလက (ထ(ခွဲ)) မကျီးကုန်း
- အလက (ထ(ခွဲ)) စီပေါက်ကန်
- အလက (ထ(ခွဲ)) မကျီးတိုင်း
- အလက (ထ(ခွဲ)) လက်ပံပင်
- အလက (ထ(ခွဲ)) စိတ္ထန်း (တ)
- အလက (ထ(ခွဲ)) မြင်သာ
- အလက (ထ(ခွဲ)) ခလရ (၇၈)
- အလက (ထ(ခွဲ)) လေးရွာ
- အလက (ထ(ခွဲ)) မြောက်တော
- အလက (ထ(ခွဲ)) သုံးအိမ်
- အလက (ထ(ခွဲ)) အတာ
- အလက (ထ(ခွဲ)) လယ်ယား (မ)
- အလက စန်းပွင့်
- အလက ခါးပတ်
- အလက ကျောက်စစ်ကန်
- အလက ဒေါင်းလည်
- အလက ကျောက်စစ်ကန် (မ)
- အလက ထန်းတောဦး
- အလက ကမ္ဘားတဲ
- အလက ကျွဲကူး
- အလက ကျောက်ပုံ (မ)
- အလက ခပေါင်းကုန်း
- အလက ချိုင်းရွာ
- အလက ဆုံကုန်း
- အလက ဇီးဖြူကုန်း
- အလက ဈေးကုန်း
- အလက တလိုင်းကန်
- အလက ရေဆုံး
- အလက ဝက်သချဉ်
- အလက အမြှောင်ကန်
- အလက ကုန်းပေါ်နတ်
- အလက ကျောင်းစု
- အလကဆည်ပေါက်
- အလက ကြံစို့
- အလက ဒဝါး
- အလက ထန်းပေါက်ကုန်း
- အလက ရွာလု
- အလက လေးပင် (မ)
- အလက လွန်ပင်ကုန်း
- အလက အိုင်မ
- အလက မဲဒီး
အမက
မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၇၄ကျောင်းရှိသည်။
Remove ads
ကျန်းမာရေး
ဆေးရုံ
- မြို့နယ်ပြည်သူ့ဆေးရုံကြီး
- ပွေးကျစ်တိုက်နယ်ဆေးရုံ
- လက်ပံပျားတိုက်နယ်ဆေးရုံ
- သံဃာ့ဆေးရုံ
ထင်ရှားသောနေရာများ
- ဆုတောင်းပြည့်မဟာစေတီကြီးဘုရား
- မြတ်ရွှေဂူ
- မြစည်းခုံ
- ထီးတော်ရှင်
- မြို့ဦးအောင်စေတီတော်
- မင်္ဂလာစေတီကုန်းတော်ကြီးဘုရား
- ပုပ္ပါးတောင်ကလပ်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads