ကြာအင်းဆိပ်ကြီးမြို့
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိ မြို့ From Wikipedia, the free encyclopedia
Remove ads
ကြာအင်းဆိပ်ကြီးမြို့ သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်တွင် ပါဝင်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၏ မြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်သည်။ မြို့တည်နေရာအရပ်မှာ ဒေါနတောင်တန်း၏ မြောက်ဘက်အစွန် တောင်ခြေရင်းတွင် ဖြစ်၍ အတ္ထရံမြစ် အရှေ့ဘက်ကမ်းမှ ၂ မိုင်ခန့် ကွာဝေးသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်သည် စတုရန်း မိုင်ပေါင်း ၂၈၁ဝ ခန့် ကျယ်ဝန်းသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရှိလူဦးရေမှာ ၄,၄၂၈ ယောက်[၁] ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
ကြာအင်းမြို့ကို ရှမ်းလူမျိုးများ စတင်တည်ထောင်သွားကြောင်း အဆိုရှိသည်။ မူလက ရွာကြီးတစ်ရွာမျှသာ ဖြစ်၍ တဖြည်းဖြည်း စည်ကားလာသဖြင့် ၁၉ဝ၈ ခုနှစ်လောက်တွင် မြို့ပိုင်ရုံးစိုက်ရာမြို့ ဖြစ်လာသည်။ မြို့၏အနောက်ဘက်တွင် ပဒုမာကြာများ ပေါက်ရောက်သောအင်းကြီးတစ်ခု ရှိခဲ့သဖြင့် ထိုအင်းကြီးကို အစွဲပြု၍ ကြာအင်းမြို့ဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ကြာအင်းမြို့မှ ၂ မိုင်ကွာဝေးသော အတ္ထရံမြစ်ကမ်း နဖူးပေါ်တွင် စည်ကားသော ရွာကြီးတရွာရှိလေရာ ထိုရွာမှာ ဆိပ်ကြီးရွာပင် ဖြစ်သည်။ ထိုရွာတွင် မြို့ပိုင်ရုံး၊ စာတိုက် အစ ရှိသော အစိုးရအဆောက်အုံများ ရှိကြသည်။ ကြာအင်းနှင့် ဆိပ်ကြီးတို့မှာ နီးကပ်နေသဖြင့် ကြာအင်း ဆိပ်ကြီးမြို့ဟု ခေါ်တွင်ကြသည်။
Remove ads
လမ်းပန်းဆက်သွယ်ရေး
ဆိပ်ကြီးရွာသည် သင်္ဘောဆိပ်ကမ်းဖြစ်သည့်အလျောက် ယင်းမှ ဇမိမြစ်ကြောင်းကို စုန်ကာ မော်လမြိုင်သို့ အလွယ်တကူ သွားရောက်နိုင်သည်။ အနောက်ဘက်ကျွန်းရွာ၊ ချောင်းနှစ်ခွ၊ မုဒုံအရပ်များကို ဖြတ်၍ မော်လမြိုင်သို့ ကြာအင်းမြို့မှ မော်တော်ကားလမ်းဖြင့်လည်း သွားရောက်နိုင်သည်။ မော်လမြိုင်နှင့် ကြာအင်းမြို့မှာ မော်တော်ကား လမ်းဖြင့် မိုင် ၅ဝ ခန့် ကွာဝေး၏။ ကြာအင်းမှမြောက်ဘက် ကော့ကရိတ်သို့ ၎င်း၊ အရှေ့ဘက်ကျိုက်ဒုံသို့၎င်း၊ ကုန်းလမ်း ခရီးများ ပေါက်လေသည်။ ကျိုက်ဒုံမှတစ်ဆင့် တနင်္သာရီရိုးမကို ဖြတ်ကျော်လျှင် ယိုးဒယားနယ်စပ်သို့ ရောက်နိုင်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့သော ယိုးဒယားမြန်မာ မီးရထားလမ်းမှာ ကြာအင်းမြို့နယ် အနန်းကွင်းရွာအနီးကို ဖြတ်သွားလေသည်။
Remove ads
စီးပွားရေး
ကြာအင်းမြို့နယ်တွင် တောင်ယာ၊ ပဲခင်းနှင့် လိမ္မော်ရှောက်ချိုအစရှိသော ဥယျာဉ်ခြံများ လုပ်ကိုင်ကြသည်။ ကျွန်းသစ်အကောင်းစားများလည်း ထွက်ရှိသဖြင့် ဒုတိယကမ္ဘာစစ် မဖြစ်မီက ဘုံဘေဘားမား၊ မက္ကရီကာ၊ ဖူးကား စသော သစ်ကုမ္ပဏီကြီးများသည် ဆိပ်ကြီးရွာတွင် ဌာနခွဲများ အသီးသီး ဖွင့်လှစ်ထားခဲ့ဘူးလေသည်။
ထင်ရှားသည့်နေရာများ
မြို့ပေါ်တွင် အစိုးရ အထောက်အပံ့ခံ ကရင်အထက် တန်းကျောင်း တစ်ကျောင်းရှိသည်။ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းကိုလည်း တွဲလျက်ဆောက်ထားသည်။ မြို့နယ် အတွင်း၌ ကျိုက်လောင်ဘုရား၊ ဖားပြတ်ဘုရားများ ရှိသည်။ ကျိုက်ဒုံအရှေ့ဘက် ဒေါနတောင်ပေါ်တွင်တည်ရှိသော မုလအိနှင့် မုလအပ်စေတီ ၂ ဆူမှာ ထင်ရှားသော စေတီပုထိုးများ ဖြစ်ကြသည်။ ဖားပြတ်ဂူအတွင်းနံရံများတွင် ရှေးနှစ်ပေါင်း များစွာက ထုလုပ်ထားခဲ့သော ယိုးဒယားအနုပညာ ဆန်သည့် ဗုဒ္ဓရုပ်တုတော်များကို တွေ့ရှိနိုင်ပေသည်။
Remove ads
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads