ကြောင်အူငယ်
From Wikipedia, the free encyclopedia
Remove ads
ကြောင်အူငယ်အား အင်္ဂလိပ်ဘာသာဖြင့် "Chinese ferret-badger" ဟူ၍လည်းကောင်း၊ "Small-toothed ferret-badger" ဟူ၍လည်းကောင်း အမည်ပေးထားသည်။ ဝီဇယ်မျိုးရင်းဝင် မျိုးစိတ်တစ်မျိုးဖြစ်ပြီး အရှေ့တောင်အာရှ၏ ဒေသအနှံ့အပြားတွင် ကျက်စားသည်ကို တွေ့ရှိရသည်။ ၎င်းကို IUCN အနီရောင်စာရင်းတွင် မျိုးသုဉ်းမှုအန္တရာယ်ကျရောက်ခြင်းမရှိနိုင်သေးသော မျိုးစိတ်အဖြစ် စာရင်းသွင်းထားပြီး လူသားတို့ ပြုပြင်မွမ်းမံထားသော ပတ်ဝန်းကျင်များအား ခံနိုင်ရည်ရှိပြီး နေထိုင်နိုင်ကြောင်း ယူဆထားလေသည်။[၁]
၎င်း၏ အမည်နာမတွင် ‘ကြောင်’ဟူသည့် စကားလုံးပါဝင်သော်လည်း ကြောင်မျိုးရင်းဝင် တိရစ္ဆာန်-မဟုတ်ပေ။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads