ခိုင်ကမ်းမြို့
From Wikipedia, the free encyclopedia
Remove ads
ခိုင်ကမ်းမြို့(အင်္ဂလိပ်: Khaikam)သည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်တွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်သည်။ တီးတိန်မြို့၊ ကလေးမြို့နှင့် (၉)မိုင်အကွာ၊ ကလေး-ဖလမ်း-ဟားခါး ပြည်ထောင်စုလမ်းမဘေးတွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်သည်။ ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ ၉၅ဝ ကျော်တွင်တည်ရှိကာ အရှေ့မှ အနောက်သို့ ၁.၄ မိုင် ၊ တောင်မှ မြောက်သို့ ၁.၇၁ မိုင်ရှည်လျားသည်။ ခိုင်ကမ်းမြို့တွင် အိမ်ခြေ ၆၄၇ အိမ်၊ အိမ်ထောင်စု ၅၂၄ စုနှင့် လူဦးရေ ၃၃၃၄ ဦးနေထိုင်သည်။[၁]
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
ယခင်က ထေးဇန်ကျေးရွာအုပ်စု၌ ပါဝင်သော ခိုင်ကမ်းရွာကို ပြည်ထဲရေးဝန်ကြီး ဌာန၏ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄ဝဝ/ ၂ဝ၁၆)ဖြင့် မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads