ချင်းပြည်နယ် အစိုးရအဖွဲ့

From Wikipedia, the free encyclopedia

ချင်းပြည်နယ် အစိုးရအဖွဲ့
Remove ads

ချင်းပြည်နယ် အစိုးရအဖွဲ့ (အင်္ဂလိပ်: Chin State Government) သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၏ အုပ်ချုပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်က ဦးဆောင်သည်။

အချက်တိုများ ချင်းပြည်နယ်၏အစိုးရအဖွဲ့အစည်း, ပြည်နယ်အစိုးရအဖွဲ့ အကျဉ်းချုပ် ...
Remove ads

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အခန်းကဏ္ဍ

၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကို ဖွဲ့စည်းထားရှိပြီး ဒေသန္တရအုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်သည်။ ၎င်းတို့၏ ဖွဲ့စည်းပုံ၊ အုပ်ချုပ်မှုအခွင့်အာဏာ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဖွဲ့စည်းပုံနှင့် ခေါင်းဆောင်မှု

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးအကြီးအမှူးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ဟု ခေါ်ဝေါ်သည်။ အစိုးရအဖွဲ့ဝင်များကိုမူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဟု သတ်မှတ်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်-

  1. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်
  2. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ
  3. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်

နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများနှင့် ဝန်ကြီးဦးရေကို လိုအပ်သလို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် တိုးခြင်း၊ လျှော့ခြင်းတို့ကို ပြုလုပ်နိုင်သည်။

အုပ်ချုပ်မှုအခွင့်အာဏာနှင့် တာဝန်များ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ဘဲ သက်ဆိုင်ရာလွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များနှင့် ပြည်ထောင်စုဥပဒေတစ်ရပ်ရပ်အရ ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ်များသို့ သက်ရောက်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများသည် အောက်ပါတာဝန်များကို ထမ်းဆောင်ရမည်-

  • နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပြည်ထောင်စုအစိုးရကို ကူညီရန် တာဝန်ရှိသည်။
  • ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့် ပြည်ထောင်စုဥပဒေများနှင့် မဆန့်ကျင်ဘဲ ဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာလွှတ်တော်၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ရမည်။
  • ပြည်ထောင်စု၏ နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းအပေါ် အခြေပြုလျက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြဋ္ဌာန်းပေးနိုင်ရန် သက်ဆိုင်ရာလွှတ်တော်သို့ တင်သွင်းရမည်။ အကယ်၍ ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ ဥပဒေကြမ်းကို ပြဋ္ဌာန်းခြင်းမပြုနိုင်လျှင် နောက်ဆုံးပြဋ္ဌာန်းထားသည့် ဥပဒေပါ သာမန်အသုံးစရိတ် ခွင့်ပြုချက်ဘောင်အတွင်း သုံးစွဲခွင့်ရှိသည်။
  • ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဇယား ၂ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည့် ဥပဒေကြမ်းကို သက်ဆိုင်ရာလွှတ်တော်သို့ တင်သွင်းနိုင်သည်။
  • တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများနှင့် ၎င်းတို့၏ လက်အောက်အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်။
  • မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း ပြုနိုင်သည်။
  • နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စုဥပဒေနှင့်အညီ၊ ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍ မိမိတာဝန်ယူ အကောင်အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာ နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများကို ဖွဲ့စည်းနိုင်ပြီး လိုအပ်သော နယ်ဘက်ဝန်ထမ်းများကို ခန့်အပ်နိုင်သည်။
  • သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ မိမိ၏အရေးယူဆောင်ရွက်ချက်များကို လွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်။
  • မိမိနယ်မြေဒေသ၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်။
  • ပြည်ထောင်စုအစိုးရက အခါအားလျော်စွာ ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

အခွန်အခ ကောက်ခံခွင့်နှင့် ဘဏ္ဍာရန်ပုံငွေ သုံးစွဲခွင့်

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသည် ဇယား ၅ ပါ အခွန်အခများကို ဥပဒေနှင့်အညီ ကောက်ခံ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။ ၎င်းဘဏ္ဍာရန်ပုံငွေများကို ဥပဒေနှင့်အညီ သုံးစွဲခွင့်ရှိသည်။

အစိုးရအဖွဲ့ရုံး

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးလည်း ဖြစ်သည်။

Remove ads

ခေတ်အလိုက် အစိုးရအဖွဲ့များ

ပြည်ထောင်စုလွှတ်တော်ခေတ် (၂၀၁၁-၂၀၂၁)

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ကာလ (၂၀၁၁-၂၀၁၆)


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကာလ (၂၀၁၆-၂၀၂၁)

နောက်ထပ် အချက်အလက်များ တာဝန်ထမ်း​ဆောင်ခြင်း, စတင်ရက် ...

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ် (၂၀၂၁-လက်ရှိ)

ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကာလ

ဖွဲ့စည်းပုံ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အမိန့်အမှတ် (၁၆/၂၀၂၁) ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို ဖွဲ့စည်းခဲ့သည်။ ဤအမိန့်အရ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအား အပ်နှင်းခဲ့သည်။

၁) စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဥက္ကဋ္ဌ
(၂) တပ်မတော်အရာရှိကြီး (၁) ဦး အဖွဲ့ဝင်
(၃) ဒေသကိုယ်စားပြုသူ (၁) ဦး သို့မဟုတ် (၂) ဦး အဖွဲ့ဝင်
(၄) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဦးစီးမှူး

အဖွဲ့ဝင်
(၅) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရဲတပ်ဖွဲ့မှူး အဖွဲ့ဝင်
(၆) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူး အတွင်းရေးမှူး
ဥက္ကဋ္ဌများ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁၀/၂၀၂၁) ဖြင့် ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ (ပကစ) ဥက္ကဋ္ဌအဖြစ် ဦးတဲရင့်စ်စမွိုင်းနီခွဲအား ခန့်အပ်တာဝန်ပေးလိုက်သည်။[]

နောက်ထပ် အချက်အလက်များ စဉ်, အမည် ...

ချင်းပြည်နယ်အစိုးရအဖွဲ့ကာလ (၁ ဩဂုတ် ၂၀၂၁ - ၃၁ ဇူလိုင် ၂၀၂၅)

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အိမ်စောင့်အစိုးကို ပြင်ဆင်ဖွဲ့စည်းလိုက်သဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းမှုကို "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့" များအဖြစ် အမိန်အမှတ် ၁၅၃/၂၀၂၁ အားဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[]

  1. ဝန်ကြီးချုပ်
  2. ဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊
  3. ဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးဌာန၊
  4. ဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးဌာန၊
  5. ဝန်ကြီး၊ လူမှုရေးရာဝန်ကြီးဌာ၊
  6. ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊
  7. ဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊
  8. ဥပဒေချုပ်
  9. ဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးဌာန (ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများတွင် ထည့်သွင်းဖွဲ့စည်းရမည်ဖြစ်ပြီး၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) များသည် စည်ပင်သာယာရေးဝန်ကြီးများ အဖြစ်သတ်မှတ်လိုက်သည်။
  10. တိုင်းသဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးသည် တိုင်းသဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။
နောက်ထပ် အချက်အလက်များ စဉ်, အမည် ...

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီလက်ထက်

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမိန့်အမှတ်၊ ၁၃  /၂၀၂၅ အားဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်သည်။[]

နောက်ထပ် အချက်အလက်များ စဉ်, အမည် ...
Remove ads

ဆက်လက် ဖတ်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads