ဂရိတ်ဗြိတိန်ကျွန်း
From Wikipedia, the free encyclopedia
Remove ads
ဗြိတိန်ပြည်တော်ကြီး တနည်းအားဖြင့် ဂရိတ်ဗြိတိန်ဟုခေါ်သောနိုင်ငံတော်ကြီးသည် [၁] [၂]၁၇၀၁ခုနှစ် မေလ ၁ရက်မှ ၁၈၀၀ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့အထိ အနောက်ဥရောပတွင် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ နိုင်ငံတော်ကို ၁၇၀၆ခုနှစ် ပြည်ထောင်စုသဘောတူစာချုပ်ဖြင့် ဖန်တီးခဲ့ပြီး ၁၇၀၇ခုနှစ် ပြည်ထောင်အက်ဉပဒေတွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး အင်္ဂလန် ( ဝေလနယ်အပါအဝင်)နှင့် စကော့တလန် နိုင်ငံတို့ကို ပေါင်းစည်းကာ ဗြိတိန် နှင့် ၎င်း၏ အစွန်အဖျား ကျွန်းများ အားလုံးကို စုစည်းကာ တစ်ခုတည်းသော နိုင်ငံအဖြစ် ဖွဲ့စည်းရန်၊ မန်းကျွန်းနှင့် ရေလက်ကြားရှိကျွန်းတို့ကို ချန်လှပ်သည်။ ဝက်စ်မင်စတာနန်းတော်ရှိ ပါလီမန် တစ်ခုတည်းက တစ်ပြည်ထောင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သော်လည်း ကွဲပြားသော ဥပဒေစနစ်များဖြစ်သည့် အင်္ဂလိပ်ဥပဒေ နှင့် စကော့ဥပဒေတို့ကို ဆက်လက်အသုံးပြုခဲ့သည်။
ဂရိတ်ဗြိတိန်သည် အတ္တလန္တိတ်သမုဒ္ဒရာ၏ အနောက်မြောက်ဘက်တွင် တည်ရှိသော ကျွန်းကြီးဖြစ်သည်။ စတုရန်းကီလိုမီတာ ၂သိန်းကျော် ကျယ်ဝန်းပြီး ဗြိတိသျှပိုင်ကျွန်းများတွင် အကြီးဆုံးဖြစ်ကာ ကမ္ဘာပေါ်တွင် နဝမမြောက် အကြီးဆုံးကျွန်းဖြစ်သည်။ [၃] အနောက်ဘက်တွင် အိုင်ယာလန်ကျွန်း တည်ရှိသည်။၂၀၁၁ခုနှစ်တွင် လူဦးရေ သန်း၆၀ကျော်ရှိပြီး အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း၊ ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်းတို့ပြီးလျှင် ကမ္ဘာပေါ်တွင် တတိယမြောက် လူဦးရေ အများဆုံးကျွန်းဖြစ်သည်။

Remove ads
မှတ်စု
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads