စစ်အေး (ရဲမှူးကြီး)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ (၂၀၂၃-၂၀၂၅) From Wikipedia, the free encyclopedia
Remove ads
ဦးစစ်အေး (၁၈ မတ် ၁၉၄၅ မွေးဖွား) သည် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အငြိမ်းစား ရဲမှူးကြီး တစ်ဦး ဖြစ်သည်။ထိုရာထူးမတိုင်မီက ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၃ ရက်နေ့အထိ တာဝန်ယူခဲ့သည်။
Remove ads
အရာထမ်းဘဝ
ဦးစစ်အေးသည် ရဲမှူးကြီးဘဝတွင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်အဖြစ် ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၂၀၁၁ ခုနှစ်၊ သြဂုတ် ၄ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၁] ထို့ပြင် ၎င်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ ဌာနမှူး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။
တာဝန်ထမ်းဆောင်ခဲ့သည်များ
သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ [၂]
၂၀၂၁ နောက်ပိုင်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ၏ အဖွဲ့ဝင် အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ခန့်အပ်ခဲ့သည်။ [၃] ထိုနှစ်ထဲမှာပင် ၎င်းသည် ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင် တာဝန်ထမ်းဆောင်နေရင်း ကာကွယ်ရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ် အဖြစ် ခန့်အပ်ခံရသည်။[၄] [၅]
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခဲ့သည်။ [၆]
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲ တာဝန်ပေးခံရသည်။ [၇] ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် ကာလုံကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို အသစ်ဖွဲ့စည်းလိုက်ရာ ရာထူးမှ အနားယူခဲ့ပြီး၊ ဦးလွင်ဦးက ဥက္ကဋ္ဌ ရာထူးကို ဆက်ခံခဲ့သည်။
Remove ads
ဂုဏ်ပြုခံရခြင်း
၂၀၂၂ ခုနှစ်၊နိုဝင်ဘာ ၁၉ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင် က ၎င်းအား ဝဏ္ဏကျော်ထင်ဘွဲ့ ကို လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇ ရက် တွင် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့တို့ကို လည်းကောင်း အသီးသီး အပ်နှင်းချီးမြှင့်သည်။[၈]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads