အောင်သော်

From Wikipedia, the free encyclopedia

Remove ads

ဦးအောင်သော် (၂၃ အောက်တိုဘာ ၁၉၅၃ ဖွား) သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဥက္ကဋ္ဌဟောင်း ဖြစ်သည်။ [] ၎င်းသည် အငြိမ်းစားဗိုလ်မှူးချုပ်တစ်ဦးဖြစ်ပြီး ရုရှားနိုင်ငံဆိုင်ရာမြန်မာစစ်သံမှူး၊ ကာကွယ်ရေးဒုဝန်ကြီး တာဝန်များအပြင် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ၊ဟိုတယ်ခရီးဝန်ကြီး စသည့် တာဝန်များယူခဲ့ဖူးသူဖြစ်သည်။

အချက်တိုများ အောင်သော်, ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ...
Remove ads

အစောပိုင်းဘဝ

သူသည် စစ်တက္ကသိုလ် အပါတ်စဉ်(၁၆)ဆင်း ဖြစ်သည်။

အလုပ်အကိုင်

တပ်မတော်တွင် ဒုဗိုလ်အဆင့်မှ ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ရုရှားနိုင်ငံဆိုင်ရာမြန်မာစစ်သံမှူး အဖြစ်လည်း တာဝန်ပေးခံရသည်။ [] သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၁ တွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ရပြီး ထိုတာဝန်ကို ၂၀၁၄ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ []

နိုင်ငံရေး

သူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝင်ဖြစ်သည်။ အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် ကိုကိုးကျွန်းမဲဆန္ဒနယ် မှနေ၍ ရွေးကောက်ပွဲဝင်သည်။ [] ၎င်းသည် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း[] ၊ရုရှား-မြန်မာချစ်ကြည်ရေးအသင်း တွင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန်ယူခဲ့သေးသည်။[]

၂၀၂၁ နောက်ပိုင်းကာလများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်တွင် ၎င်းအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်သည်။[] ၆ လအကြာတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၏ ၁၃ ဦးမြောက် ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ယင်းရာထူးမှနေ၍ အနားပေးခံရသည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads