ဆန်းဦး (ဒုတိယဗိုလ်ချုပ်ကြီး)

From Wikipedia, the free encyclopedia

Remove ads

ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး (၁၉၆၃ မွေးဖွား) သည် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ၏ ဥက္ကဋ္ဌ ဖြစ်သည်။သူသည် စစ်ရေးချုပ် အဖြစ် ၅ နှစ် ထမ်းဆောင်ခဲ့ပြီးနောက်၊အရန်အင်အားသို့ရောက်ကာ တပ်မတော် စီးပွားရေးလုပ်ငန်းစုကြီး၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သူလည်း ဖြစ်သည်။

အချက်တိုများ ဒုတိယဗိုလ်ချုပ်ကြီး စည်သူ ဆန်းဦး, မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ...
Remove ads

စစ်မှုထမ်းဘဝ

ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၄)မှ သင်တန်းဆင်းလာသူတစ်ဦး ဖြစ်သည်။ပြန်တမ်းဝင်အမှတ် ကြည်း ၁၇၅၀၂ ဖြင့် စစ်မှုစထမ်းသည်။

သူသည် ၂၀၀၈ ခုနှစ် မေ ၁၅ ရက် တွင် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်သည်။ထိုတာဝန်ကို ၂၀၁၀ ပြည့်နှစ် ဩဂုတ် ၈ ရက် အထိ ထမ်းဆောင်သည်။ယင်းနောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး[] အဖြစ် တာဝန်ပေးအပ်ခံရသည်။၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး[] ဖြစ်လာခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ ၈ ရက် တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်မှ စစ်ရေးချုပ် အဖြစ်သို့ ရာထိုးတိုးမြှင့်ခံရသည်။[][]ထိုတာဝန်ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ အထိ ထမ်းဆောင်ခဲ့ပြီး၊အရန်အင်အားသို့ ရောက်ရှိသွားခဲ့သည်။[]

ယင်းနောက် ထိုနှစ်ထဲတွင်ပင် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ခံရသည်။[] [၁၀]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads