စစ်ရေးချုပ်
From Wikipedia, the free encyclopedia
Remove ads
မြန်မာ့တပ်မတော်တွင် တပ်ရင်း/တပ်ဖွဲ့များ၌ တပ်ရေးပိုင်းဆိုင်ရာ အရာရှိတစ်ဦးထားရှိသကဲ့သို့ စစ်ဌာနချုပ်/တိုင်းစစ်ဌာနချုပ်များတွင်လည်း စစ်ရေးဌာနများထားရှိသည်။ ယင်းဌာနများ၏ အထက်တွင် စစ်ရေးနှင့်ပတ်သက်သော အမြင့်ဆုံးအရာရှိချုပ်မှာ စစ်ရေးချုပ် (အင်္ဂလိပ်: Adjutant General) ဖြစ်သည်။
မြန်မာ့တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ လက်အောက်၌ စစ်ရေးချုပ်ရုံးကို ထားရှိပြီး၊ စစ်ရေးချုပ်ရုံးသည် ကြည်းတပ်သာမက ရေတပ်နှင့် လေတပ်တို့၏ စစ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဆောင်ရွက်ရသည်။[မှတ်စု ၁]
စစ်ရေးချုပ်၏ အဓိကလုပ်ငန်းတာဝန်များမှာ တပ်ရင်း/တပ်ဖွဲ့များ၏ မှတ်တမ်းများ၊ စာရင်းများထားရှိခြင်းနှင့် တပ်ဖွဲ့ဝင်များ၏ ကိုယ်ရေးနှင့်ပတ်သက်သော အမိန့်၊ ညွှန်ကြားချက်များကို ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။ လက်ရှိ စစ်ရေးချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ဖြစ်သည်။
Remove ads
ခေတ်အဆက်ဆက် ထမ်းဆောင်ခဲ့သည့် စစ်ရေးချုပ်များ
Remove ads
ရှင်းလင်းချက်မှတ်စု
- ကြည်းတပ်၊ ရေတပ်၊ လေတပ်အားလုံးသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ ကွပ်ကဲမှုအောက်တွင်ရှိသည်။ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်၏။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads