ဆိုးလ်မြို့ ပထမတိုက်ပွဲ

From Wikipedia, the free encyclopedia

ဆိုးလ်မြို့ ပထမတိုက်ပွဲ
Remove ads

ဆိုးလ်မြို့ ပထမတိုက်ပွဲ သည် ကိုရီးယားစစ်ပွဲ အတွင်း ၁၉၅၀ပြည့်နှစ် ဇွန်လ (၂၅) ရက်မှ (၂၈) ရက်နေ့များတွင် မြောက်ကိုရီးယားတပ်များက တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့ ကို သိမ်းပိုက်သည့် တိုက်ပွဲဖြစ်သည်။

အချက်တိုများ ဆိုးလ်မြို့ ပထမတိုက်ပွဲ, ရက်စွဲ ...


Remove ads

နောက်ခံဖြစ်ရပ်

၁၉၅၀ပြည့်နှစ် ဇွန်လ (၂၅) ရက်နေ့တွင် မြောက်ပိုင်းတပ် (ကိုရီးယားပြည်သူ့တပ်မတော်) သည် (၃၈) ဒီဂရီမျဉ်းပြိုင်၏ တောင်ဘက်ကို စတင်ကျူးကျော်ခဲ့သည်။ တောင်ပိုင်းရှိ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ ရီဆွန်းမန်း နှင့် အစိုးရသည် မြို့တော်တွင် ရှိနေမည်ဟု အခိုင်အမာပြောဆိုခဲ့သည်။ ဆိုဗီယက်နောက်ခံဖြင့် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများနှင့် မြောက်ပိုင်းတပ်များကို စစ်အင်အားလျော့နည်းပြီး လက်နက်များမရှိသည့် တောင်ပိုင်းတပ်များ မယှဉ်နိုင်ခဲ့ပေ။ ရီဆွန်းမန်းအစိုးရသည်လည်း ဇွန်လ (၂၇)ရက်နေ့က မြို့တော်ကို စွန့်ခွာကာ ဘူဆန်သို့ ပြေးခဲ့ရသည်။[]

Remove ads

တိုက်ပွဲ

ဇွန်လ (၂၈) ရက်နေ့ နံနက် (၂)နာရီတွင် တောင်ပိုင်းတပ်များက ဟန်မြစ်ကူးတံတားကို ဖောက်ခွဲခဲ့သည်။ ထိုအချိန်တွင် မြို့တော်ကို စွန့်ခွာနေသော စစ်ဘေးဒုက္ခသည် (၄,၀၀၀) ခန့် တံတားကို ဖြတ်သန်းနေရာ လူ(၁၀၀) ကျော် သေဆုံးခဲ့သည်။ မြောက်ပိုင်းတပ်များကိုလည်း အနည်းငယ် ဟန့်တားနိုင်ခဲ့သည်။ သို့ရာတွင် မြောက်ပိုင်းတပ်များသည် မြစ်ကို ဖြတ်သန်းနိုင်ခဲ့ပြီး မြို့တော်ဆိုးလ်အား သိမ်းပိုက်နိုင်ခဲ့သည်။[]

နောက်ပိုင်းဖြစ်ရပ်များ

ဇွန်လ (၃၀) ရက်နေ့တွင် မြောက်ပိုင်းကွန်မြူနစ်များ၏ ကျူးကျော်မှုသည် အမေရိကန်နှင့် ပစိဖိတ်ဒေသကို ခြိမ်းခြောက်နေကြောင်း အမေရိကန်သမ္မတ ထရူးမင်းက စာထုတ်ပြန်ခဲ့သည်။တုံ့ပြန်သည့်အနေဖြင့် အမေရိကန်က တပ်ဖွဲ့များကို တောင်ပိုင်းသို့ စေလွှတ်ခဲ့သည်။ ကုလသမဂ္ဂကလည်း မြောက်ကိုရီးယားကို ကျူးကျော်သူအဖြစ် သတ်မှတ်ကာ လုံခြုံရေးတပ်များကို တောင်ပိုင်းသို့ စေလွှတ်ခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads