မြောက်ကိုရီးယားနိုင်ငံ
From Wikipedia, the free encyclopedia
Remove ads
ဂျိုဆောန်ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ(ကိုရီးယား: 조선민주주의인민공화국 朝鮮民主主義人民共和國) သို့မဟုတ် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ(အင်္ဂလိပ်: Democratic People's Republic of Korea, DPRK)၊ အတိုကောက်အားဖြင့် မြောက်ကိုရီးယား(ကိုရီးယား: 북한 北韓) သို့မဟုတ် ဂျိုဆောန်(ဂျိုဆောန်: 조선 朝鮮)သည် အရှေ့အာရှ ကိုရီးယားကျွန်းဆွယ် မြောက်ပိုင်းရှိ နိုင်ငံဖြစ်သည်။[၁]
UNက ယူဆသော မြောက်ကိုရီးယားနိုင်ငံ၏ လူဦးရေသည် ၂၀၂၄ခုနှစ်တွင် ၂၅.၆၁သန်းခန့်ရှိပြီး ရုံးသုံးဘာသာစကားမှာ ဖျောင်းယံစကားကို အခြေခံထားသော မြောက်ကိုရီးယားဘာသာ ဖြစ်သည်။ မြို့တော်သည် ဖျောင်းယံမြို့ဖြစ်ပြီး မြို့ကြီးများမှာ နမ်ဖိုမြို့၊ ဂယ်ဆောင်းမြို့၊ ရာဆောန်မြို့ အစရှိသည်တို့ ဖြစ်သည်။
မြောက်ဘက်တွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး မြောက်ဘက်တွင် Yalu (Amnok) နှင့် Tumen မြစ်များ၊ တောင်ဘက်တွင် ကိုရီးယားစစ်မဲ့ဇုန်ရှိ တောင်ကိုရီးယားနိုင်ငံတို့ဖြစ်သည်။ ပင်လယ်ဝါဖြင့် ၎င်း၏ အနောက်ဘက်နယ်စပ်ကို ဖွဲ့စည်းထားပြီး၊ အရှေ့ဘက်နယ်စပ်ကိုမူ ဂျပန်ပင်လယ်က သတ်မှတ်ထားသည်။ မြောက်ကိုရီးယားသည် ၎င်း၏ တောင်ပိုင်းမဟာမိတ်ကဲ့သို့ပင် ကျွန်းဆွယ်တစ်ခုလုံးနှင့် ကပ်လျက်ကျွန်းစုများ၏ တရားဝင်အစိုးရဖြစ်သည်ဟု အခိုင်အမာဆိုသည်။
၁၉၆၈ ခုနှစ်တွင် အမေရိကန်သင်္ဘော ပွေဗလိုသည် ကိုရီးယား ရေပိုင်နက်အတွင်း ဝင်ရောက်လာသည်ကို သိရှိသဖြင့် ကိုရီးယား တပ်မတော်က ပစ်ခတ် ဖမ်းဆီးခြင်းနှင့် စပ်လျဉ်း၍ အမေရိကန် ပြည်ထောင်စုနှင့် မြောက်ကိုရီးယား နိုင်ငံတို့ စစ်ဖြစ်မည့်အခြေ ဆိုက်ရောက်ခဲ့ရာက တစ်ကမ္ဘာလုံး တုန်လှုပ် ချောက်ချားခဲ့ရသည်။
၁၉၆၉ ခုနှစ်ကလည်း အမေရိကန် ထောက်လှမ်းရေး လေယာဉ်သည် မြောက်ကိုရီးယား လေပိုင်နက်ထဲသို့ ကျူးကျော် ဝင်ရောက်သဖြင့် ပစ်ခတ်ရာမှ တစ်ကမ္ဘာလုံး တုန်လှုပ် ချောက်ချားစေသည့် အရေးအခင်း ဖြစ်ခဲ့လေသည်။ ၁၉၇၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ အစိုးရက ကိုရီးယား နှစ်နိုင်ငံရှိ နိုင်ငံရေး ပါတီများနှင့် လူထုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ သို့မဟုတ် ကြားနေနိုင်ငံတစ်ခုခုမှ ကိုယ်စားလှယ်များသည် စစ်မဲ့ဒေသဖြစ်သော ပန်မန်ဂျုံဒေသ၌ ကိုရီးယား နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး စေ့စပ် ဆွေးနွေးရန် လွှတ်တော်သို့ အကြံပေး တင်ပြသည်။
၁၉၇၁ ခု စက်တင်ဘာလ ၂ဝ ရက်နေ့မှစ၍ နှစ်နိုင်ငံ ကြက်ခြေနီ အဖွဲ့များက ဦးဆောင်၍ နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေးအတွက် စေ့စပ်ဆွေးနွေးခဲ့သော်လည်း ၁၉ ကြိမ် တိုင်သည်အထိ မပြေလည်ခဲ့ချေ။ ၁၉၇၂ ခုနှစ် မေလမှ ဇူလိုင်လအတွင်း နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံ၍ အပြန်အလှန် ဆွေးနွေး၍ နှစ်ဖက်စလုံးမှ လိုက်လျောမှုများ ပြုခဲ့ကြရာ သဘောတူညီချက် ခုနစ်ချက်ကို နှစ်နိုင်ငံ မြို့တော်များ၌ ထုတ်ပြန်သည်။
ယင်းခုနှစ်ချက်မှာ
- ပြည်ပ စွက်ဖက်မှုကင်းရှင်းစွာ နှစ်နိုင်ငံ ချင်းသာငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန်
- နှစ်ဖက် လက်နက်အား အသုံးပြုခြင်း ရပ်စဲရန်
- နှစ်နိုင်ငံ နားလည်မှုဖြင့် အဆက်အသွယ်များ ပြုလုပ်နိုင်ရေး ညှိနှိုင်းရန်
- နှစ်နိုင်ငံ ကြက်ခြေနီများ ပူးပေါင်းဆွေးနွေးပွဲ အောင်မြင်အောင် ကူညီရန်
- စစ်ရေး စစ်ရာများ မမျှော်လင့်ဘဲ ပေါ်ပေါက်လာခြင်းကို တားနိုင်ရန် နှစ်နိုင်ငံ မြို့တော်အကြား အရေးပေါ် စကားပြောကြေးနန်း ဆက်သွယ်ရန်
- ကိုရီးယား သမ္မတနိုင်ငံမှ မစ္စတာလီဟူရက်နှင့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံမှ အစိုးရအဖွဲ့ လမ်းညွှန်ဌာန ညွှန်ကြားရေးမှူး မစ္စတာ ကင်ယန်ဂျိုးတို့ ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်သော ကော်မတီတစ်ရပ်ဖွဲ့ ဆောင်ရွက်ရန်
- ပြည်သူအပေါင်းရှေ့၌ ကတိသစ္စာပြု၍ သစ္စာရှိ ဆောင်ရွက်ရန်တို့ ဖြစ်သည်။
ယင်းသဘောတူညီချက်အရ အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း နှစ်နိုင်ငံပေါင်းစည်းရေးသည် ယနေ့တိုင် အောင်မြင်မှု မရသေးချေ။[၁၉]
Remove ads
မှတ်စုများ
- Kim Jong-un holds four concurrent positions: General Secretary of the Workers' Party, Chairman of the Central Military Commission, en:President of the State Affairs Commission and Supreme Commander of the Armed Forces.
- Choe Ryong-hae represents North Korea internationally. The Presidency was written out of the constitution in 1998. ကင်အီဆွန်း, who died in 1994, was declared "eternal President" in its preamble.
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads